www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 8, 2015

မလေးရှားနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ



နေပြည်တော်၊ ၈-၁၂-၂၀၁၅

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော မလေးရှားနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် RMNS KD SELANGOR သည် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ သန်လျင် သီလ၀ါ ဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်များက ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် မလေးရှားနိုင်ငံ ရေတပ်မှ Deputy Fleet Commander and Chief of Staff in Fleet Command Headquarters, Rmn ဖြစ်သူ First Admiral Ong Thiam Hock ဦးစီး၍ စစ်ရေယာဉ်မှူး Cdr Saravanan နှင့် အရာရှိ ၁၅ ဦး၊ စစ်သည် ၈၀ ဦး စုစုပေါင်း ၉၅ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၃ ရက်မှ ၇ ရက် အထိ ငါးရက်ကြာမြင့် ခဲ့ပြီး ခရီးစဉ် အတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ၊ လေ့လာရေး ခရီးစဉ်များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger