www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

သရေခေတ္တရာ ရှေးဟောင်းမြို့တော် အတွင်းမှ နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းကျောင်းတိုက်ကြီး ကို လာရောက်လေ့လာသူများ စတင်ဝင်ရောက်




ပြည် ၊ ၁၄-၁၂-၂၀၁၅

သရေခေတ္တရာ ပျူရှေးဟောင်း မြို့တော် ဧရိယာအတွင်းမှ နှစ်တစ်ရာကျော် သက်တမ်းရှိ လက်သည်းရေကန် ရှေးဟောင်း ကျောင်းတိုက်ကြီး (ပုံ)ကို လေ့လာသူများ စတင် ဝင်ရောက် လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောင်းတိုက်ကြီး သည် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ အနီးရှိ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ရှေးဟောင်းပျူမြို့ ဖြစ်သည့် သရေခေတ္တရာ မြို့ဟောင်းကြီး အတွင်းမှ မုဠော ကျေးရွာအုပ်စု တွင် တည်ရှိပြီး အဆိုပါကျောင်းကို စတင်တည်ဆောက် စဉ်က ဒင်္ဂါးပြား ၄၈ဝ ကုန်ကျခဲ့ကြောင်း ၁၉၁၇ ခုနှစ်တွင် နောက်ထပ်တိုးချဲ့ ကျောင်းဆောင် ဆောက်လုပ်စဉ်က ငွေကျပ် ၃ဝဝဝ ကုန်ကျခဲ့သည် ဟု အဆိုပါကျောင်းရှိ ပေစာများမှ သိရကြောင်း၊ နောက်ထပ် တိုးချဲ့သည့် နှစ်ပေါင်းမှာ ၉၈ နှစ်ရှိပြီဖြစ်၍ မူလကျောင်း ကြီးမှာ နှစ်ပေါင်း တစ်ရာကျော် ရှိပြီး အဆိုပါကျောင်းကြီး စတင်တည်ဆောက် သည့်နှစ်ကို အတိအကျ မသိရကြောင်း ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာစာရ က မိန့်သည်။

အဆိုပါ ကျောင်းတိုက်ကြီးသည် ရှေးဟောင်း သရေခေတ္တရာ အမွေအနှစ် ပြတိုက် တည်ရှိရာ မှော် ဇာကျေးရွာ နှင့် နှစ်မိုင်ခန့်အကွာ တွင်ရှိပြီး၊ ကျောင်းတိုက်ကြီးတွင် သမိုင်းဝင် ရှေးဟောင်း လက်သည်း ရေကန်ကြီး တစ်ခုရှိကြောင်း၊ ကျောင်း တိုက်ကြီးကို မြန်မာနိုင်ငံမှ ပြည်တွင်း ဧည့်သည်များသာမက နိုင်ငံခြားသား ခရီးသွား ဧည့်သည်များလည်း လာရောက် လေ့လာသူများ ရှိကြောင်း ၄င်းဆရာတော်က မြွက်ကြား၍ သိရသည်။ (၄၁ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger