www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များမှ ဘက်စုံပညာ ထူးချွန်ကျောင်းသား ရွေးချယ်ရေး မြို့နယ်အဆင့် စာမေးပွဲကျင်းပမည်


ရန်ကုန် ၊ ၁၄-၁၂-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများမှ ဘက်စုံပညာ ထူးချွန်ကျောင်းသား ရွေးချယ်ရေး မြို့နယ်အဆင့် စာမေးပွဲကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မြို့နယ်အဆင့် စာမေးပွဲကို အခြေခံပညာ ကျောင်းများရှိ အဋ္ဌမတန်း၊ နဝမတန်း နှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများ အနက် ပထမနှစ်ဝက် စာမေးပွဲရမှတ် အပေါ် မူတည်၍ ကျောင်းအဆင့် အနေဖြင့် ကျောင်းသားတစ်ဦး၊ ကျောင်းသူ တစ်ဦးစီ ရွေးချယ်၍ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

၎င်း ကျောင်းအဆင့် ရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူ များကို မြို့နယ်အဆင့် စာမေးပွဲ အနေဖြင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ ဇန်နဝါရီ ၈ ရက်တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ဇန်နဝါရီ ၉ ရက်တွင် ကိုယ်လက် ကြံ့ခိုင်ရေးနှင့် ယုံကြည်မှု တို့ကို စစ်ဆေးမည် ဖြစ်ပြီး မြို့နယ်အလိုက် ကျောင်းသား တစ်ဦးနှင့် ကျောင်းသူ တစ်ဦးကို ရွေးချယ်ရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

မြို့နယ်အဆင့် ရွေးချယ်ခံ ရသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်အဆင့် ဆက်လက် စစ်ဆေးမည်ဖြစ်ပြီး အဆိုပါ ခရိုင်အဆင့် စိစစ်ရွေးချယ် ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅၂၈ ဦးကို အဋ္ဌမတန်း၊ နဝမတန်း နှင့် ဒသမတန်း သုံးသုတ်ခွဲ၍ အပန်းဖြေစခန်း များသို့ စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တစ်နိုင်ငံလုံးမှ ခရိုင်အဆင့် ရွေးချယ်ခံရသည့် ဘက်စုံပညာ ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ကျော်ကို ဒသမတန်း၊ နဝမတန်းနှင့် အဋ္ဌမတန်း သုံးသုတ်ခွဲ၍ ၂ဝ၁၃ ခုနှစ် ပညာသင်နှစ်တွင် ငွေဆောင် ကမ်းခြေ၊ အင်းလေးနှင့် ပုဂံဒေသ၊ ၂ဝ၁၄ ခုနှစ်တွင် ချောင်းသာ၊ အင်းလေးနှင့် ပုပ္ပား၊ ၂ဝ၁၅ ခုနှစ်တွင် ငွေဆောင်၊ အင်းလေးနှင့် ပုဂံဒေသ တို့သို့ လေ့လာရေး အပန်းဖြေ ခရီးစဉ်များ အဖြစ် ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger