www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့ဖြင့် ဆင်မကြပ်ကျေးရွာမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၉-၁၂-၂၀၁၅

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကု တို့သည် ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ဒီဇင်ဘာ ၇ ရက်နှင့် ယမန်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဆင်မကြပ်ကျေးရွာမှ ဒေသခံပြည်သူ ဆေးကုသမှု ဆိုင်ရာရောဂါ ၂၅၉ ဦး၊ ခွဲစိတ်ရောဂါ ၄ဝ ဦး၊ သားဖွားမီးယပ် ရောဂါ ၂၃ ဦး၊ ကလေး ရောဂါ ၁ဝဝ ဦး၊ အရိုးရောဂါ ၁ဝဝ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၂၈ ဦးနှင့် သွားရောဂါ ၁၆၅ ဦး စုစုပေါင်း ၈၅၇ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည့်အပြင် ခွဲစိတ်ရောဂါ ၁၃ ဦး၊ မျက်စိ ခွဲစိတ်ရောဂါ ၂၂ ဦးနှင့် သွားရောဂါ ၁၂၉ ဦးတို့အား ခွဲစိတ်ကုသ ပေးခြင်း၊ ဓာတ်မှန်ရိုက် လူနာ ၂၆ ဦးနှင့် အာထရာဆောင်း ရိုက်လူနာ ၂၅ ဦးတို့အား ရောဂါ ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger