www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 5, 2015

Google က g-Mail တွင် e-Mail များကို အလိုအလျှောက် ပြန်ဖြေပေးမည့် Smart Reply စနစ် ထည့်သွင်းမည်


ဝါရှင်တန် ၊ ၅-၁၁-၂၀၁၅

e-Mail ခေတ် ကုန်ဆုံးတော့မည်ဟု ဝေဖန်မှုများ ရှိနေရာ Google သည် ၄င်း၏ g-Mail Inbox ၌ အသုံးပြုသူ၏ လှုပ်ရှားမှု အဝဝကို စောင့်ကြည့်ထားပြီး e-Mail တစ်စောင် ဝင်လာပါက အလိုအလျောက် စာပြန်ပေး နိုင်မည့် Smart Reply စနစ်ကို စတင် ထည့်သွင်းကာ g-Mail ကို လူထု စိတ်ဝင်စားစိတ် ပိုလာစေနိုင် ခဲ့ကြောင်း သိရသည်။

Smart Reply ကို ရက်သတ္တ တစ်ပတ်အတွင်း စတင်ထည့်သွင်း သွားတော့မည် ဖြစ်ကြောင်း၊ e-Mail တစ်စောင် လက်ခံရရှိသည့် အခါ Smart Reply က ၄င်း e-Mailကို ဖတ်ရှုမည်ဖြစ်ပြီး ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် အစရှိသည့် မိုဘိုင်းလ် ကိရိယာများ၏ စကရင် အောက်ထောင့်တွင် သင့်လျော်မည့် အဖြေသုံးခုကို ဖော်ပြပေးမည် ဖြစ်ကြောင်း၊ အသုံးပြုသူက နှစ်သက်ရာ အဖြေကို ကလစ်ခေါက် ပေးလိုက်ရုံဖြင့် ၄င်းအဖြေဖြင့် e-Mail ပြန်ကြားပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် ရွေးစရာအဖြေ သုံးခုကိုကြည့်ကာ e-Mailပါ အကြောင်းအရာ ကို ခန့်မှန်းနိုင်ကာ အရေးကြီး e-Mail ဖြစ်နေလျှင် ချက်ချင်းသိရှိ ဖြေကြားနိုင် ရန်လည်း အထောက်အကူ ပြုမည် ဖြစ်ကြောင်း သိရသည်။

Google သည် ၄င်း၏ နည်းပညာကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင် လာလျက်ရှိပြီး ခေတ်နှင့် မလျှော်ညီ တော့သည်များ ကိုလည်း ဖြုတ်ချခဲ့တတ်ရာ ယခုနှစ် အစပိုင်းတွင် g-Talk ကို ဖြုတ်ချလိုက်ကာ Hangout ကို အသုံးပြု စေသကဲ့သို့ မကြာသေးမီ ကလည်း Chrome Browser တွင် အသံဖြင့် အမိန့်ပေးကာ Google စာမျက်နှာကို ဖွင့်စေနိုင်သည့် OK Google ဝန်ဆောင်မှုကို ဖြုတ်ချခဲ့ သေးကြောင်း၊ လူမှုကွန်ရက် မျိုးစုံ အပြိုင်အဆိုင် ထွက်ပေါ်လာ နေရာ g-Mail ၏ အနာဂတ်သည် စောင့်ကြည့်ရမည့် စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

Smart Reply in Inbox by Gmail will help you compose responses with ease

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger