ဒူးနာနေလား
အသက်ရလာသူ များတွင် ဒူးနာခြင်းမှာ တဖြည်းဖြည်းချင်း နာတာရှည် ဖြစ်တတ်သည်။ ဒူးနာရတဲ့ အကြောင်း ရင်းပေါ် မူတည်၍ ဒူးနာလျှင် အောက်ပါ တို့ကို လုပ်ဆောင် ပေးနိုင် ပါတယ်-
- (၁) လူဝလို့ ဖြစ်လျှင် ကိုယ်အလေးချိန် လျှော့ချပါ။ ကိုယ်လက် လှုပ်ရှားခြင်းဖြင့် လည်းကောင်း ၊ အစားအသောက် လျော့ချခြင်းဖြင့် လည်းကောင်း ကိုယ် အလေးချိန် ကို ချနိုင်ပါတယ်။
- (၂) နာနေသည့် ဒူးကို မကွေးပါနှင့် ၊ ဆောင့်ကြောင့် မထိုင်ရ ၊ ဒူးခေါက် မထိုင်ရ ၊ တင်ပျဉ်ခွေ မထိုင်ရ ၊ ဒူးမထောက်ရ ၊ ပဆစ်တုပ် မထိုင်ရပါ။ ခြေချထိုင် သို့မဟုတ် ခြေဆင်းထိုင်ပါ။ မကြာခဏ ပုံစံပြောင်း ထိုင်ပါ။
- တစ်ပုံစံတည်း ကြာကြာ မထိုင်ပါနှင့်။
- (၃) အိမ်သာတက်လျှင် ဘိုထိုင် သို့မဟုတ် ကုလားထိုင် ကို အပေါက်ဖောက်၍ သုံးပါ။
- (၄) အချိန် အကြာကြီး လမ်းလျှောက်ခြင်း ၊ မတ်တပ်ရပ်ခြင်း ကိုရှောင်ပါ။
- (၅) ဒူးနာနေချိန်မှာ လှေကား အတက်အဆင်း မလုပ်ပါနှင့်။
- (၆) ပစ္စည်း အလေးအပင် မ, မပါနှင့်။
- (၇) နာနေတဲ့ ဒူးပေါ်တွင် ဆားကြပ်ထပ် သို့မဟုတ် ရေနွေးအိတ်ကို အ၀တ်ပါးပါး နှင့်ထုတ်၍ ၁၅ မိနစ်ခန့် တင်ပါ။ တစ်နေ့ ၂ ကြိမ် တင်ပေးနိုင် ပါတယ်။
- (၈) လက်ကိုင်တုတ် အကူကို ကောင်းတဲ့ဒူးဘက်မှ လက်ဖြင့်ကိုင်၍ လမ်းလျှောက် နိုင်ပါတယ်။
- (၉) ဆရာဝန် သို့မဟုတ် ကိုယ်ကာယ ကုထုံးဆရာ ညွှန်းတဲ့ အတိုင်း လေ့ကျင့်ခန်း အတိအကျ လုပ်ပေးပါ။
ဗီတာမင် D ချို့တဲ့ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်မား နိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ဗီတာမင် D ကို နေရောင်နှင့် အရေပြား ထိတွေ့ လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ် ပေးနိုင်ပါတယ်။ ဗီတာမင် D ၁၅ နာနိုဂရမ် အထက် ရှိပါက ကုသမှု ပေးရန် မလိုပါ။ အကယ်၍ ၃၀ နာနိုဂရမ် ရှိပါက ပုံမှန်လို့ ဆိုနိုင်ပါတယ်။ အကယ်၍ သင့်မှာ ဗီတာမင် D ချို့တဲ့ပါက နှလုံး သွေးလွှတ်ကြော ကျဉ်းတဲ့ရောဂါ ၊ နှလုံး တိုက်ခိုက်ခံ ရခြင်းနှင့် လေဖြတ်ရောဂါ တွေ ဖြစ်လာနိုင်ခြေ ပိုမို မြင့်မားစေပါတယ်။ အကောင်းဆုံး အနေနှင့် ဗီတာမင် D ပမာဏကို စစ်ဆေး ထားခြင်းဖြင့် ရောဂါများ မဖြစ်ပွားအောင် ကြိုတင် ကာကွယ် ထားနိုင်မယ်လို့ ဆိုပါတယ်။ ဗီတာမင် D ကို ပင်လယ်ငါး ၊ အဆီထူငါး ၊ ကြက်ဥအနှစ် ၊ နို့ နှင့် နို့ထွက်ပစ္စည်း နှင့် အစေ့အဆန် များ စားခြင်းဖြင့် ရရှိနိုင်သည်။ ဗီတာမင် D ၁၅ နာနိုဂရမ် ထက် နည်းပါးနေလျှင် နှလုံးရောဂါ ဖြစ်နိုင်ခြေ များကြောင်း သုတေသီများက ဆိုထားသည်။
မူကြိုအရွယ် ကလေးငယ်များ အပြင်ထွက်ချိန် ပိုပေးရန်လိုအပ်
လေ့လာမှု အသစ်တစ်ခုအရ မူကြိုအရွယ် ကလေး ၁၀ ဦးလျှင် ၃ ဦးသာလျှင် အိမ်အပြင်သို့ ထွက်၍ လေ့လာ စူးစမ်းခွင့် အနည်းဆုံး တစ်နာရီ ရကြကြောင်း သိရသည်။ မူကြိုအရွယ် ကလေးများအား အိမ်ပြင်သို့ ထွက်၍ သွားလာ ဆော့ကစားခွင့် ပေးခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုရရှိစေနိုင်မှာ ဖြစ်သည်။ အိမ်ခန်းထဲမှာ သာလျှင် နေစေခြင်းက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လုပ်ရန် အခွင့်အလမ်း နည်းစေသည်။ အသက် ၃ နှစ်မှ ၆ နှစ်ကြား မူကြို ကလေး ၃၈၀ ကျော်ကို မူကြိုကျောင်း ၃၀ ကျော်၌ လေ့လာခဲ့ခြင်း ဖြစ်သည်။ ၉၀ ရာခိုင်နှုန်း သော မူကြို ကျောင်းများက တစ်နေ့လျှင် အပြင်ထွက်ခွင့် ပေးတဲ့ အချိန်သည် ၂ နာရီမျှသာ ရှိကြသည်။ ၄၀ ရာခိုင်နှုန်း သော မူကြို ကျောင်းသား များကသာ အပြင်ထွက်ကြပါသည်။ ၃၂ ရာခိုင်နှုန်း က အပြင်သို့ လုံးလုံး မထွက်ကြကြောင်း သိရသည်။
မူကြိုအရွယ် ကလေးများ၏ ခန္ဓာကိုယ် ဖွံ့ဖြိုး ကြီးထွားမှု အတွက် နေ့စဉ် ကာယလှုပ်ရှားမှုက အရေးကြီးကြောင်း ၊ နှလုံးသွေးကြော ကျန်းမာရေး နှင့် အရိုး ကျန်းမာရေး အပြင် စိတ်ခံစားမှုပိုင်း ဆိုင်ရာ ကောင်းမွန်ခြင်း ၊ အာရုံ စူးစိုက်မှု ကောင်းစေခြင်း ၊ သိမြင်နိုင်စွမ်း ရှိမှု ကောင်းစေခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိမှာ ဖြစ်ကြောင်း ၊ တစ်နေ့လျှင် တစ်နာရီ နှင့်အထက် အခန်းအပြင် ထွက်ဆော့ ကစားခြင်းကို အားပေးရမှာ ဖြစ်ကြောင်း သိရသည်။
မေ၊ Health Digest
No comments:
Post a Comment