www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 5, 2015

ရေလမ်းသွား ခရီးသည်များ အသက်အာမခံကြေး ထားနိုင်ရန် ရေယာဉ်အသင်းများက ဆောင်ရွက်ပေးရန် လိုအပ်နေ


မုံရွာ ၊ ၅-၁၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်း အတိုင်း အထက်အညာ ဒေသသို့ နေ့စဉ် ပြေးဆွဲပေးလျက် ရှိသော ခရီးသည်တင် အမြန်ရေယာဉ် များဖြင့် စီးနင်း လိုက်ပါလျက် ရှိသော ရေလမ်း ခရီးသွား ခရီးသည်များသည် ရေယာဉ် အန္တရာယ် ဖြစ်ပွားခဲ့ပါက ခရီးသွား အသက်အာမခံကြေး မထားရှိသည့် အတွက် နစ်နာ ဆုံးရှုံးလျက် ရှိသည်။ ထို့ကြောင့် ခရီးသည် သယ်ယူ ပို့ဆောင်ရေး ရေယာဉ်အသင်း များက ခရီးသည်များ၏ ခရီးသွား အသက် အာမခံကြေးများ ထားရှိ သွားလာနိုင်ရန် ဆောင်ရွက်ပေး သင့်ကြောင်း မုံရွာမြို့ခံ မြို့မိ မြို့ဖတစ်ဦးက ပြောပြသည်။

''ဧည့်ကြိုတွေကို ခရီးသည် တစ်ယောက် ငွေနှစ်ထောင် ဝန်ဆောင်ခ ပြန်ပေးမယ့် အစား အဲဒီခရီးသည် အတွက် ခရီးသွား အသက် အာမခံကြေး ထားပေး လိုက်မယ်ဆိုရင် ရေယာဉ်အသင်း အတွက်လဲ ကောင်းတဲ့အပြင် ခရီးသည် အတွက်လဲ အကျိုးရှိ ပါမယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ရေယာဉ်စီး ခရီးသည် များသည် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်တွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူများ ဖြစ်ကြသည်။ ၄င်းဒေသ များသည် ရေလမ်း တစ်ခုတည်းသာ အဓိက အားထား သွားလာရသော ဒေသ များဖြစ်သည်။ ထို့ပြင် ရေယာဉ်စီး ခရီးသည် နေ့စဉ် အများအပြား ရှိသော်လည်း ခရီးသွား အသက် အာမခံကြေး ထားရှိခြင်း မရှိသည့် အတွက် ရေယာဉ် အန္တရာယ် ဖြစ်ပေါ်လာပါက အသက်ဆုံးရှုံး ရသည့်အပြင် ကျန်ရစ်သူ မိသားစုဝင်များ အတွက်ပါ နစ်နာဆုံးရှုံး ကြရသည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်း ခရီးသည် သယ်ယူ ပို့ဆောင်ရေး အမြန်ရေယာဉ် ပြေးဆွဲရေး ဂိတ်အသင်းများက ခရီးသွား ပြည်သူများ အတွက် ခရီးသွား အသက် အာမခံကြေး ထားရှိပေးရန် လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ (၁၅၄)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger