www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 30, 2015

အဝေးထိန်းစနစ်ဖြင့် ပျံသန်းသော လေယာဉ်ငယ်များ၏ ပထမဆုံးအကြိမ် ပျံသန်းမှုပြိုင်ပွဲကို သီလဝါကွင်း၌ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပမည်


ရန်ကုန် ၊ ၃ဝ-၁၁-၂ဝ၁၅

မြန်မာနိုင်ငံ၌ အဝေးထိန်း စနစ်ဖြင့် ပျံသန်းသော လေယာဉ်ငယ် များ၏ ပထမဆုံးအကြိမ် ပျံသန်းမှု ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင် သီလဝါကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း လေယာဉ် တည်ဆောက်သူ များနှင့် ပျံသန်းသူများ ကလပ်မှ သိရသည်။

အဝေးထိန်း စနစ်ဖြင့် မောင်းနှင် ပျံသန်းမည့် လေယာဉ်ပျံသန်းမှု ပြိုင်ပွဲကို Beginner Level နှင့် Expert Level အဆင့်ဟူ၍ နှစ်ဆင့်ခွဲကျင်းပ သွားမည်ဖြစ်ပြီး Expert Level အဆင့်ပြိုင်ပွဲတွင် လေယာဉ်အနိမ့် ပျံသန်းခြင်း၊ လေယာဉ် ကျွမ်းထိုးခြင်း၊ သတ်မှတ်ပြေးလမ်း မှသာ အတက်အဆင်း ပြုလုပ်ခြင်း စသည်တို့ကို ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Beginner Level တွင် အပျော်တမ်း ဝါသနာရှင် အဆင့်သာ ဖြစ်၍ လေယာဉ် အတက်အဆင်းနှင့် လေယာဉ် ပျံသန်းခြင်း စသည်တို့ကို ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲဝင် သူများကို အမှတ်ပေး စနစ်ဖြင့် ရွေးချယ် သွားမည် ဖြစ်ကြောင်း လေယာဉ် တည်ဆောက်သူ များနှင့် ပျံသန်းသူများ ကလပ်ထံမှ သိရသည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင် သီလဝါကွင်း ၌ နံနက် ၈ နာရီတွင် စတင် ကျင်းပသွားမည် ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကာ အမှတ်အများဆုံး ရရှိသူများအား ပြည်ပမှ မှာယူထားသည့် အဆင့်မြင့် အဝေးထိန်း လေယာဉ်သစ် တစ်စင်းကို ပေးအပ်မည့် အပြင် ရရှိသည့် Sponser ပေါ် မူတည်၍ ထပ်မံဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။ 

''ဒီပြိုင်ပွဲ ကျင်းပရတာက ဝါသနာရှင်တွေ လေယာဉ်ငယ်တွေ ပျံသန်းရာမှာ စနစ်တကျ ပျံသန်းနိုင်ဖို့နဲ့ လေကြောင်း အခေါ်အဝေါ် တွေကိုလည်း နားလည်သိရှိ ဖို့အတွက် ဖြစ်ပါတယ်။ ပြိုင်ပွဲကို Beginner Level နဲ့ Expert Level အဆင့်ဆိုပြီး နှစ်ဆင့်ခွဲ ကျင်းပသွားမှာပါ'' ဟု လေယာဉ် တည်ဆောက်သူ များနှင့် ပျံသန်းသူများ ကလပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger