www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 23, 2015

ကမ္ဘာ့လေကြောင်းလိုင်းကြီး များတွင် အလုပ်ဝင်ရောက်ရန် အခွင့်သာစေသော လေယာဉ်မယ် ၊ လေယာဉ်မောင် သင်တန်းဖွင့်လှစ်မည်



မန္တလေး ၊ ၂၃-၁၁-၂၀၁၅

ကမ္ဘာ့ လေကြောင်း လိုင်းကြီးများတွင် အလုပ် ဝင်ရောက်ရန် အခွင့်သာစေသော လေယာဉ်မယ် ၊ လေယာဉ်မောင် သင်တန်းကို ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ် Orchid Hotel ၌ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ရှိ D&G Food Center တွင် ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သင်တန်း ဖွင့်လှစ်မည့် MAFA (Myanmar Airspace
Flight Academy) မှ အမှုဆောင် အရာရှိချုပ် ဦးသွန်းနေစိုး က ပြောကြားသည်။

''မန္တလေးမြို့မှ သင်တန်းတက် လိုသူများအတွက် ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ဟိုတယ်မန္တလေးမှာ လျှောက်လွှာများ လက်ခံပေးမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

လေကြောင်းလိုင်း ကြီးများပေါ်ရှိ လက်တွေ့ လုပ်ငန်းခွင် အတိုင်း သင်ထောက်ကူ ပစ္စည်း စုံလင်စွာဖြင့် အဆိုပါ သင်တန်းကို အသက် ၁၆ နှစ်မှ ၂၈ နှစ်အတွင်းရှိ လူငယ်များ လျှောက်ထားနိုင်ပြီး သင်တန်း ဆရာ / ဆရာမ ခြောက်ဦး တို့မှ ၁၈ ဘာသာ ၁၈ ခုကို နှစ်လတိတိ သင်ကြား ပေးမည်ဖြစ်ရာ သင်တန်းကြေး ငွေကျပ် ကိုးသိန်း ဖြစ်ကြောင်း အဆိုပါ သင်တန်းပြီးဆုံး ပါက Cabin Crew Operation & Service Training ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လေယာဉ်မယ် ၊ လေယာဉ်မောင် တစ်ယောက် ဖြစ်ရန် နိုင်ငံခြား စာဖြေဌာန အတွေ့အကြုံ ရစေရန် ရည်ရွယ်၍ ကမ္ဘာ့ လေကြောင်းလိုင်းကြီး ၂၆ဝ ဖြင့် ဖွဲ့စည်းထားသော အပြည်ပြည် ဆိုင်ရာ လေကြောင်း အဖွဲ့အစည်း ကြီးဖြစ်သည့် The International Air Transport Association (IATA) အဖွဲ့မှ စစ်ဆေးပေးသော အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုမှုကို ထိုင်းနိုင်ငံတွင် ဖြေဆိုရမည် ဖြစ်ကာ စာမေးပွဲကြေး ငွေကျပ် ခြောက်သိန်း ပေးသွင်းရမည် ဖြစ်၍ အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၉- ၇၈၇၃၃ ၃၇၈၈၊ ဝ၉- ၇၈၇၃၃ ၃၇၈၉ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger