www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 12, 2015

တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၇/၂၀၁၅) ကြိမ်မြောက် အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြား


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော်စည်းရုံးရေး ကော်မတီ ၏ (၇/၂၀၁၅) ကြိမ်မြောက် အစည်းအဝေးတွင် 
အမှာစကား ပြောကြားစဉ်


နေပြည်တော်၊ ၁၂-၁၁-၂၀၁၅

မိမိနိုင်ငံ၏ ကောင်းမွန်သော ပုံရိပ်ဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲကြီးအား နိုဝင်ဘာ ၈ ရက်တွင် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်း၊ Observer များအနေဖြင့် ပြည်ပလေ့လာသူ ၁၀၀၀ ကျော်၊ ပြည်တွင်း လေ့လာသူ ၉၀၀၀ ကျော်၊ စုစုပေါင်း ပြည်တွင်း၊ ပြည်ပလေ့လာသူ ၁၀၀၀၀ ကျော်နှင့် သံတမန်များသည် တပ်မဲရုံများ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ မဲရုံများကို သွားရောက် လေ့လာကြပြီး လွတ်လပ် မျှတသည့် မဲပေးမှုစနစ်ကို တွေ့မြင်ခဲ့ ရကြောင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များ၊ မှီခိုသူများ အနေဖြင့် မိမိတို့ ဆင်ခြင်တုံ တရားဖြင့် လွတ်လပ်စွာ မှန်မှန်ကန်ကန် ရွေးချယ်မဲပေး ခဲ့ကြပြီး တပ်ပြင်နေ မိသားစုများ အနေဖြင့်လည်း သက်ဆိုင်ရာ ပြင်ပမဲရုံများတွင် လွတ်လပ်စွာ မဲပေးခဲ့ကြကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့မှု များအတွက် ဂုဏ်ပြုချီးကျူး ပါကြောင်းဖြင့် တပ်မတော် စည်းရုံးရေး ဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တပ်မတော်စည်းရုံးရေး ဗဟိုဦးစီး ကော်မတီ၏ (၇/၂၀၁၅) ကြိမ်မြောက် အစည်းအဝေး အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော် စည်းရုံးရေး ဗဟို ဦးစီးကော်မတီဝင်များ၊ တပ်မတော် စည်းရုံးရေး ကော်မတီဝင်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံမှု ကောင်းခြင်းသည် စစ်သားကောင်း တို့၏ အလုပ်ဖြစ် သကဲ့သို့ ယင်း နှစ်ချက်ကြောင့် မိမိတို့ တပ်မတော် တည်တည် တံ့တံ့နှင့် ခိုင်ခိုင်မာမာ ရှိနေခြင်း ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ အထက် အကြီးအကဲများ အပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ လက်အောက် ငယ်သားများ အပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ တစ်ဦးချင်း ပြုကျင့်ရမည့် ကျင့်ဝတ်၊ အခြားရဲဘော်များ အပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ ရန်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်စသည့် ကျင့်ဝတ်အပါး ၆၀ အား အလေးထား လိုက်နာ ဆောင်ရွက် ခြင်းဖြင့် တပ်မတော်သည် တပ်ကောင်းတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင် ခြင်းဖြင့် ပြည်သူလူထု၏ နားလည် ယုံကြည်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ တပ်ရင်း/ တပ်ဖွဲ့များ အတွင်း မဲပေးရာတွင် အချို့မှားယွင်း လုပ်ဆောင်မှုများ ရှိနိုင်ကြောင်း၊ ယင်းမှာလည်း ရိုးသားစွာ မှားယွင်း လုပ်ဆောင်ခြင်း ဖြစ်သလို ကြိုတင်မဲနှင့် စပ်လျဉ်း၍ မိမိတို့ စည်းကမ်းနှင့် အညီ အမှန်အတိုင်းေ ဆာင်ရွက်ခဲ့ကြောင်း၊ မှားယွင်းမှုများ စိစစ်ဖော်ထုတ် ရပါက တာဝန်ရှိ သူများကိုလည်း စည်းကမ်းနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်၊ ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲသည် ဗဟိုဦးစီးစနစ်မှ ပါတီစုံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခြင်း ဖြစ်ပြီး ယခု ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲသည် ပါတီစုံ ဒီမိုကရေစီ စနစ် ဒုတိယ သက်တမ်းအတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်ခဲ့သော အချို့ ကိုယ်စားလှယ်များ အနေဖြင့် လက်တွေ့တွင် မျှော်လင့် ထားသလောက် လုပ်ဆောင်နိုင်မှု မရှိခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် တွင် ၀င်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် အင်အား ပိုမိုများပြား သဖြင့် စိစစ်ရွေးချယ်မှု အားနည်း နိုင်ကြောင်း၊ အများက ယုံကြည်မှုဖြင့် မဲပေးခဲ့ကြသည့် ကိုယ်စားလှယ် များသည် ယုံကြည်သည့် အတိုင်း ဖြစ်လာ  လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဒုတိယ သက်တမ်းအတွက် ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် လုပ်ဆောင်ဖွယ်ရာ များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက် သွားကြ ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အား ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးခြင်း၊ စိတ်အေးချမ်းစွာ နေထိုင်ရခြင်း တို့သည် စိတ်ချမ်းသာမှုကို ပေးစွမ်း နိုင်သကဲ့သို့ စားဝတ်နေရေး အဆင်ပြေပြီး စီးပွားရေး ကောင်းမွန်ခြင်းသည် ကိုယ်ချမ်းသာမှုကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ပါတီစုံဒီမို ကရေစီစနစ် ခိုင်ခိုင်မာမာ ရှိစေရေး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန် ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ရေး၊ ဒို့တာဝန် အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ တိုင်းပြည် စည်းလုံး ညီညွတ်ရေး၊ တည်ငြိမ် အေးချမ်းရေးတို့မှ ထာဝရငြိမ်းချမ်းရေး ရသည်အထိ ဆက်လက် ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး စသည်ဖြင့် တိုင်းပြည်၏ ကျရာတာဝန် များကိုပါ ဆက်လက် လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း၊ လက်ရှိ လုပ်ဆောင်နေသည့် တပ်မတော်၏ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများသည် ကုန်ဈေးနှုန်း တည်ငြိမ်မှုနှင့် ဒေသခံလူထု သက်သာ ချောင်ချိရေး အတွက် အထောက်အကူ ဖြစ်စေရေး၊ တပ်မတော် ကုန်ထုတ် လုပ်ငန်းများ အနေဖြင့်လည်း တိုင်းပြည် ကုန်ထုတ်လုပ်မှု အထောက်အကူ ဖြစ်စေရေး တို့အား ဆက်လက် လုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း Standard Army ဖြစ်စေရန် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ရပ်အား အရှိန်အဟုန် မပျက် ဆက်လက် လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ မည်သည့် အစိုးရ တက်သည်ဖြစ်စေ ယင်းလုပ်ငန်း တာဝန်များကို တပ်မတော်၏ အစဉ်အလာ ၁၂ရပ်နှင့်အညီ ဆက်လက် ထိန်းသိမ်း လုပ်ဆောင်ရန် မိမိတို့ အားလုံးတွင် တာဝန်ရှိကြောင်း၊ ကွပ်ကဲ အုပ်ချုပ်သူများ အနေဖြင့် မှန်ကန်စွာ ကွပ်ကဲ ကြပ်မတ်၍ လက်အောက်ကိုလည်း သိရှိ နားလည်အောင် သွန်သင်ပေး ရမည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံး ညီညွတ်မှုသည် များစွာ အရေးကြီးသဖြင့် ကြည်း၊ရေ၊လေ မခွဲခြားဘဲ၊ လက်ရုံးတပ်ဖွဲ့ မခွဲခြားဘဲ တပ်မတော် တစ်ခုလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင် လုပ်ဆောင် သွားကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger