www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 17, 2015

ကမ္ဘာ့ပထမဆုံး ဂျက်အင်ဂျင်တပ် 3D Drone ကို ဒူဘိုင်းလေယာဉ် ပြပွဲတွင်ပြသခဲ့ရာ လူကြိုက်များခဲ့



နယူးယောက် ၊ ၁၇-၁၁-၂၀၁၅

3D Printing ဟု ခေါ်ဆိုသည့် သုံးဖက်မြင် ပုံနှိပ်နည်းပညာ ဖြင့် လိုအပ်သော ပစ္စည်းများကို ပုံနှိပ် ထုတ်လုပ်သည်မှာ ခေတ်စားလျက် ရှိပြီး လူ့ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်း များကို ပုံနှိပ် ထုတ်ယူလျက် ရှိရာ အရှေ့ အလယ်ပိုင်းဒေသ ဒူဘိုင်း၌ ကျင်းပနေသည့် လေယာဉ်ပြပွဲတွင် ပြသခဲ့သော ကမ္ဘာ့ ပထမဆုံး ဂျက်အင်ဂျင်တပ် 3D လူမဲ့လေယာဉ် ကို လူကြိုက်များ ခဲ့ကြောင်း သိရသည်။

အဆိုပါ 3D လူမဲ့ လေယာဉ်သည် တစ်နာရီလျှင် မိုင် ၁၅၀ နှုန်းဖြင့် ပျံသန်းနိုင်ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးသော 3D ပုံနှိပ်နည်း ပညာဖြင့် ထုတ်လုပ် ထားသော လူမဲ့ လေယာဉ် ဖြစ်သည်။

၎င်းမြန်နှုန်းမြှင့် 3D လူမဲ့လေယာဉ်ကို Aurora ကုမ္ပဏီက ဒီဇိုင်းရေးဆွဲပြီး Stratasys ကုမ္ပဏီ က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တောင်ပံအကျယ် ကိုးပေ၊ အလေးချိန် ၃၃ ပေါင်သာ ရှိကြောင်း၊ လေယာဉ် ကိုယ်ထည်နှင့် ပစ္စည်း အစိတ်အပိုင်း တို့၏ ၈ဝ ရာခိုင်နှုန်းခန့်ကို ၃ီ နည်းပညာဖြင့် ထုတ်လုပ် ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်၏ လောင်စာဆီ ပိုက်လိုင်းကို နိုင်လွန်စဖြင့် ပြုလုပ်ထားပြီး အင်ဂျင်အိတ်ဇော ပိုက်ကို 3D နည်းပညာဖြင့် ထုတ်လုပ် ထားသည့် သတ္တု တစ်မျိုးဖြင့် ပြုလုပ်ထားသည်။ Aurora နှင့် Stratasys ကုမ္ပဏီ နှစ်ခုလုံးက ဂျက်အင်ဂျင်တပ် လေယာဉ်ငယ်ကို အချိန်များစွာ မယူဘဲ ထုတ်လုပ်နိုင်ပုံ၊ အသုံးပြုမည် ဆိုလျှင်လည်း ချက်ချင်း အသုံးပြု နိုင်ပုံတို့ကို ရှင်းလင်း ပြောကြားသည်။

3D လူမဲ့လေယာဉ်ကို အစအဆုံး ထုတ်လုပ်ရာတွင် လေယာဉ် အရွယ်အစားအလိုက် နာရီအနည်းငယ်မှ ရက်အနည်းငယ်ထိ ကြာမြင့်တတ်ကာ လေယာဉ်ကိုယ်ထည် အလယ်ပိုင်း တစ်လျှောက် ဖြတ်သန်း တည်ရှိမည့် ဆီပိုက်လိုင်းမှာ အရှည်ဆုံး ဖြစ်ပြီး ဖန်တီးရန် ၉ ရက်ခန့် အချိန် ကြာမြင့်ကြောင်း သိရသည်။

၎င်း 3D လူမဲ့လေယာဉ်ကို ဒူဘိုင်းလေကြောင်း ပြပွဲတွင် လူကြိုက်များခဲ့ပြီး အခြား ထူးခြားသည့် လေယာဉ် အမျိုးအစားများ အနက် လူထု အကြိုက်ကို လိုက်နိုင်ခဲ့သော 3D လူမဲ့လေယာဉ်ပင် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger