www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 13, 2015

Hitachi ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်မည်


ရန်ကုန် ၊ ၁၃-၁၀-၂၀၁၅

ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Soe Electric & Machinery ကုမ္ပဏီတို့ ပူးပေါင်း၍ အမေရိကန် ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ၌ လျှပ်စစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ကုမ္ပဏီနှစ်ခုရဲ့ အားသာချက် တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်း ဓာတ်အား ဖြန့်ဖြူးရေး တွေကို တစ်ဖက်တစ်လမ်း ကနေ ပံ့ပိုးပေး နိုင်အောင် ကြိုးစားသွား မှာပါ။ နောက်ပိုင်း မှာတော့ မြန်မာနိုင်ငံမှာ သာမကဘဲ အိမ်နီးချင်း နိုင်ငံတွေကိုပါ တင်ပို့ ရောင်းချမှုတွေ ပြုလုပ် သွားမှာပါ။ ဒီမှာ လျှပ်စစ်ပစ္စည်း တွေကို အများဆုံး ထုတ်လုပ် နိုင်ရင် ပြည်ပကနေ ဈေးနှုန်းမြင့်မား စွာပေးပြီးဝယ်ယူ နေရတာ တွေကို လျှော့ချသွား နိုင်မှာပါ'' ဟု Hitachi SEM အုပ်ချုပ်မှု ဒါရိုက်တာ Mr. Katsutoshi Inagaki က ပြောသည်။

အဆိုပါကုမ္ပဏီ နှစ်ခု ပူးပေါင်း၍ လျှပ်စစ် ပစ္စည်းများ ထုတ်လုပ်မည့် အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးနိုင်သည့် အရည်အသွေးမြင့် ထရန်စဖော်မာ များကိုပါ ထုတ်လုပ် သွားမည်ဖြစ်ပြီး ထို လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ၌ ဝန်ထမ်းပေါင်း ၄ဝဝ ကိုလည်း အလုပ်အကိုင်များ ခန့်ထားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံ တည်ဆောက်ရန် Hitachi ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းနှင့် Soe Electric & Machinery ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည် ဖြစ်သည်။ Hitachi ကုမ္ပဏီသည် လက်ရှိတွင် စွမ်းအင်နှင့် အခြေခံ အဆောက်အအုံ စနစ်များ၊ သတင်း အချက်အလက် များနှင့် ဆက်သွယ်ရေး စနစ်၊ ဆောက်လုပ်ရေး သုံးစက် ပစ္စည်းများ၊ အရည်အသွေးမြင့် ပစ္စည်းများနှင့် စက်အစိတ် အပိုင်းများ၊ အလိုအလျောက် ရွေ့လျားမှု စနစ်များ၊ ကျန်းမာရေးနှင့် တခြားကဏ္ဍ များတွင်လည်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၂၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger