www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 23, 2015

နိုင်ငံတကာငြိမ်းချမ်းရေး ဖြစ်စဉ်များကို နှိုင်းယှဉ်လေ့လာခြင်းနှင့် DDR ၊ SSR ၊ Code of Conduct ၊ Joint Monitoring Committee- JMC လုပ်ငန်းစဉ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် ၊ ၂၃-၁၀-၂၀၁၅

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) နှင့် အပစ်အခတ် ရပ်စဲရေးအလွန် လုပ်ငန်းစဉ်များ ကမကထပြုရေး (The Beyond Ceasefires Initiative- TBCI) အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နှိုင်းယှဉ် လေ့လာခြင်း၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ Disarmament Demobilization Reintegration -DDR ၊ Security Sector Reform- SSR ၊ Code of Conduct ၊ Joint Monitoring Committee-JMC လုပ်ငန်းစဉ်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိုနာစငညျုင ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တက်ရောက် အမှာစကားပြောကြားသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ Myanmar Peace Center (MPC) မှ ဒေါက်တာ သန့်မြင့်ဦး ၊ TBCI မှ Director Ms. Sofia Busch ဦးဆောင်သည့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ၊ တပ်မတော်မှ အရာရှိကြီး ၂၆ ဦးတို့ တက်ရောက်ခဲ့ပြီး DDR နှင့် SSR ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် နှင့် ဆွေးနွေးပွဲ တက်ရောက်လာကြ သူများသည် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger