www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 23, 2015

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ (၂၈)ကြိမ်မြောက် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပ


အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး 
ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အတူ မှတ်တမ်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၂၃-၁၀-၂၀၁၅

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ (၂၈)ကြိမ်မြောက် အလုပ်အမှုဆောင် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ချက်ထရီယံ ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ မှ Maj. Gen. (Ret) Pehin Dato Haji Shari ၊ ကမ္ဘောဒီးယား နိုင်ငံမှ Gen. Meas Savan ၊ အင်ဒိုနီးရှား နိုင်ငံမှ Lt. Gen. (Ret) Arie Sudewo ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ H.E. Somphone Keomixay ၊ မလေးရှားနိုင်ငံမှ Adm(Ret) Tan Sri Mohd Anwar Hj Mohd Nor ၊ ဖိလစ်ပိုင်နိုင်ငံမှ Col(Ret) Bonifacio G. De Gracia ၊ စင်ကာပူနိုင်ငံမှ Bri. Gen.(Ret) Winston Toh Bee Chew ၊ ထိုင်းနိုင်ငံမှ Gen. Ronnachai Munchusoontornkul ၊ ဗီယက်နမ်နိုင်ငံမှ Lt. Gen.(Ret) Nguyen Van DAO နှင့် ကိုယ်စားလှယ် အဖွဲ့များ၊ လေ့လာသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ အဖွဲ့ဝင်နိုင်ငံ များ၏ နိုင်ငံတော် အလံများအား နိုင်ငံအက္ခရာစဉ် အလိုက် လွှင့်တင်ကြသည်။ ထို့နောက် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များ နှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ အစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပရာ (၁၅)ကြိမ်မြောက် အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်များ အတည်ပြုခြင်း၊ အထွေထွေ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး တို့က အစီရင်ခံစာ တင်သွင်းခြင်းများ ဆောင်ရွက်ကြပြီး အခမ်းအနားကို ခေတ္တရပ်နား သည်။ ယင်းနောက် နေ့လယ်ပိုင်းတွင် အစည်းအဝေးကို ဆက်လက် ကျင်းပရာ နိုင်ငံအလိုက် အစီရင်ခံစာ များအား အဖွဲ့ ခေါင်းဆောင်များ က ဖတ်ကြားခြင်း၊ အခြား အချက်အလက်များ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက် မူကြမ်းများ ချမှတ်ခြင်းတို့ ဆောင်ရွက်သည်။

ထို့နောက် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး (၁၆)ကြိမ်မြောက် အထွေထွေ ညီလာခံ ကိစ္စရပ်များကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့မှ တင်ပြသည်။

၎င်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အစည်းအဝေး အစီအစဉ် ပြီးဆုံးကြောင်း ကြေညာပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger