www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 19, 2015

သဘာဝဘေးအန္တရာယ် လျော့ပါးစေရေး အသိပညာပေး ဆောင်ရွက်မှုများ ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

ပြည်တွင်း၌ သဘာဝ ဘေးအန္တရာယ် လျော့ပါးစေရေး အတွက် အသိပညာပေး ဆောင်ရွက်မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိရှိနိုင် စေရန် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

အထူးသဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများမှ ဒေသခံ များအား (Training of Trainer-TOT) နည်းပြသင်တန်း၊ ဆင့်ပွား၊ မွမ်းမံ သင်တန်းများ ပို့ချပေးပြီး သဘာဝ ဘေးအန္တရာယ် လျှော့ချစေရေး အတွက် ပူးပေါင်း ဆောင်ရွက် ထားရှိကြောင်း၊ ထို့ပြင် ပညာရေး ဝန်ကြီးဌာန သို့ အကူအညီ တောင်း၍ စာအုပ် အတွင်းဖုံး၌ သဘာဝ ဘေးအန္တရာယ် ကာကွယ်မှု များနှင့် ဆောင်ရန်၊ ရှောင်ရန် များကို ထည့်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို လုပ်ငန်း ကော်မတီလေးခု၊ ဆပ်ကော်မတီ ရှစ်ခု ဖွဲ့စည်း ထားရှိပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် များ၌သာမက ကျေးရွာအဆင့် အထိပါ ထိရောက်သည့် သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အဖွဲ့များ ဖွဲ့စည်း ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှု အကျိုးဆက် အဖြစ် အပူချိန် လွန်ကဲမှု၊ မိုးကြီးမှု၊ မိုးခေါင်မှု စသည့် မိုးလေဝသ အခြေအနေ များကို ပိုမိုကြုံတွေ့ နေရကာ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှု များနှင့် ပေါင်းစပ်ပြီး သဘာဝ ဘေးအန္တရာယ် များကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း ပညာရှင် များက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger