www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 19, 2015

ကမ္ဘာ့အကြီးဆုံး ခရီးသွားပြပွဲကြီး ၌မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ ပါဝင်ပြသမည်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်း ပြပွဲကြီးဖြစ်သည့် World Travel Market 2015 ကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ လန်ဒန်မြို့၌ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ ဝင်ရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။

''ဒီပြပွဲကြီးမှာ ပြည်တွင်း ခရီးသွားလုပ်ငန်း ပေါင်း ၁၈ ခု ပါဝင်ပြသ သွားမှာပါ။ ဒီပြပွဲကြီးမှာ နိုင်ငံတကာ ခရီးသွား လုပ်ငန်းတွေက ဝင်ရောက်ပြသ ကြမှာဆိုတော့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေက ဗြိတိန် ခရီးသွား ဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ သွားရောက်ပြသ ကြမှာပါ။ ဒီပြပွဲကြီးက ကမ္ဘာ့အကြီးဆုံး ခရီးသွားပြပွဲကြီး ဆိုတော့ မြန်မာနိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေရှိတဲ့ နေရာကို ပြသပြီး ဧည့်သည်တွေ ကို ဖိတ်ခေါ် နိုင်တာပေါ့'' ဟု ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

World Travel Market 2015 တွင် ပြည်တွင်း ခရီးသွား ကုမ္ပဏီများ၊ လေကြောင်းလိုင်း များနှင့် ဟိုတယ် လုပ်ငန်းများ ပါဝင်ပြသ ကြမည် ဖြစ်သည်။ အဆိုပါပြပွဲသို့ သွားရောက် ပြသပြီး နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ ကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ လာရောက် ပြသသော ခရီးသွား လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး ခရီးသွား လုပ်ငန်းများ တိုးမြှင့်နိုင်ရန် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

လန်ဒန်မြို့၌ လေးရက်ကြာ ကျင်းပမည့် အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger