www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 5, 2015

ဒိုင်နိုဆောများ မျိုးသုန်းရခြင်းသည် ဥက္ကာပျံတစ်ခုတည်းကြောင့် မဟုတ်ဘဲ မီးတောင် ပေါက်ကွဲမှုကြောင့်လည်း ဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိ



ဝါရှင်တန် ၊ ၅-၁၀-၂၀၁၅

ကမ္ဘာပေါ်ရှိ ဒိုင်နိုဆောများ မျိုးသုဉ်း ပျောက်ကွယ် သွားရသည့် အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၆ သန်းက ကမ္ဘာကြီး ကို အရှိန်ပြင်းစွာဖြင့် ဝင်တိုက် မိခဲ့သော ဥက္ကာပျံ ကြောင့်ဟု သိပ္ပံ ပညာရှင်များ ယူဆ သတ်မှတ်ခဲ့ရာ ယခု နောက်ဆုံး လေ့လာ တွေ့ရှိချက် အရ ဥက္ကာပျံ ဝင်ရောက် တိုက်မိခြင်း နှင့်အတူ မီးတောင်များ ပေါက်ကွဲခြင်း လည်း ပါဝင်သည်ဟု နိုင်ငံတကာ ပူးပေါင်း သုတေသီ များက ပြောပြသည်။

''ဒိုင်နိုဆောတွေ မျိုးသုဉ်း ပျောက်ကွယ် သွားရတဲ့ တရားခံကို ကျွန်တော်တို့ အစဉ်ရှာဖွေ နေခဲ့ပါတယ်။ အများစု ကတော့ ဥက္ကာပျံ ကိုပဲ လက်ညှိုးထိုး ပါတယ်။ မီးတောင်တွေ ဆက်တိုက် ပေါက်ကွဲလို့ ဆိုပြီး ငြင်းချက်ထုတ်တဲ့ သိပ္ပံပညာရှင် တွေလဲ ရှိပါတယ်။ အခု အိန္ဒိယနိုင်ငံက ချော်ရည် စီးကြောင်း တွေဟာ အဲဒီတုန်းက တစ်ချိန်တည်းမှာ ပေါက်ကွဲခဲ့တဲ့ အထောက်အထား ကို တွေ့ရလို့ ဒိုင်နိုဆောတွေ ဘာကြောင့် မျိုးသုဉ်း သွားတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှု တွေတော့ အရှိန်မြင့် လာအုံးမယ်လို့ ယူဆရပါတယ် '' ဟု ပူရ်ဒူး တက္ကသိုလ် မှ  ဂြိုဟ်စူးစမ်း လေ့လာရေး သိပ္ပံပညာရှင် ဟင်နရီမေလို့ရှ် က ပြောပြသည်။

ဖော်ပြပါ ချော်ကျောက် များသည် အိန္ဒိယနိုင်ငံ၊ ဒက်ကန်ဒေသ တွင် တည်ရှိပြီး ချော်ကျောက်များ တစ်လွှာပြီး တစ်လွှာ ထပ်နေသည့် ပုံစံသည် အလွန်တရာ ကြီးမားသော မီးတောင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ခိုင်မာသော အထောက်အထား များ ဖြစ်ကြောင်း၊ ထိုစဉ်က ချော်ရည်ပူ များသည် ကျူးပစ် ကီလိုမီတာ သန်းတစ်ဝက်ခန့် ပင် ထူထဲ နိုင်ကြောင်း၊ ထိုမျှ များပြားသော ချော်ရည်သည် ကမ္ဘာ တစ်ခုလုံးကို တစ်မီတာ အနက်ထိ ဖုံးလွှမ်းရန် လုံလောက်ကြောင်း သုတေသီ များက ပြောပြသည်။

ထိုမျှ များပြားသော ချော်ရည်များကို မှုတ်ထုတ်ရန် အလွန် အားပြင်းသော မီးတောင်များ ရာထောင်ချီ၍ တစ်ပြိုင်နက်တည်း ပေါက်ကွဲရမည် ဖြစ်ရာ ၄င်း ပေါက်ကွဲမှုများ ကြား ဒိုင်နိုဆော အပါအဝင် မည်သည့် သက်ရှိမျှ
ရှင်သန် ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း၊ ၄င်းအချိန်တွင် ဥက္ကာပျံ ကလည်း ဝင်တိုက်မိခြင်း ကြောင့် အခြေအနေမှာ ပို၍ ဆိုးလာခြင်း ဖြစ်ကြောင်း သုတေသီများက နောက်ဆုံး ငြင်းခုံ ဆွေးနွေးလျက် ရှိသည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger