www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၇ ဦး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ


ရန်ကုန် ၊ ၁၄-၁ဝ-၂ဝ၁၅

အင်ဒိုနီးရှားနိုင်ငံ ပွန်တီးယားနားကျွန်း နှင့် ကူပန်ဒေသ တို့တွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၇ ဦးသည် အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် IOM အဖွဲ့များ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေး မှုကြောင့် ယမန်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ခင်မောင်လတ် က '' အခု ရောက်လာတဲ့ ရေလုပ်သား ၁၇ ဦးဟာ သူတို့လုပ်ကိုင် ခဲ့တဲ့ ကုမ္ပဏီ နာမည်ကို မပြောနိုင်တဲ့ အတွက် ရှေ့အခေါက်က အဖွဲ့တွေလို လုပ်ခလစာ မရပါဘူး။ အလုပ်ရှင် နာမည် ကုမ္ပဏီနာမည် ပြောမှ သူတို့ နစ်နာတာကို သံရုံးအဖွဲ့တွေ၊ ကျွန်တော်တို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ IOM အဖွဲ့တွေက လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သူတို့ကို အခု လေဆိပ်ကနေ ကျိုက်ဝိုင်း လူငယ်ပြုစုရေး ကျောင်းမှာ ခေတ္တထားမယ်။ နယ်ကို လမ်းစရိတ် အပြည့်အစုံနဲ့ လက်ဆောင် ပစ္စည်းတွေပါ ပေးအပ်ပြီး ပြန်ပို့ပေးမှာပါ'' ဟု ပြောသည်။

ပြန်လည် ရောက်ရှိလာသော ရေလုပ်သား ၁၇ ဦးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ ဖြစ်ကြပြီး ရခိုင်ပြည်နယ်မှ ဦးသန်းဌေး၊ သန်းထွန်း (ခ) မိုးကျော်သိန်း၊ ဝင်းမောင်၊ တနင်္သာရီတိုင်း ဒေသကြီးမှ ဦးဌေးအောင်၊ ညီထွေး (ခ)ကလော့ကဲ၊ အောင်ထွန်း၊ မောင်စိုး၊ ပဲခူးတိုင်း ဒေသကြီးမှ အောင်ကိုဦး (ခ) သန်းထွန်းအောင်၊ ရန်ကုန်တိုင်း ဒေသကြီးမှ ဦးသိန်းဝင်း၊ ဦးသက်နိုင်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ဝေလင်းဦး (ခ) မှုံကြီး၊ မွန်ပြည်နယ်မှ မောင်စိုး၊ မောင်ရိုး (ခ) ထွန်းထွန်းဝင်း၊ သန်းဇော်ဝင်း၊ မောင်စိုင်း၊ ဦးမင်းဇော်ဦး၊ ကရင်ပြည်နယ်မှ ဦးမြင့်အောင် တို့ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)၊ ကောင်းကောင်း

မြ၀တီနေ့စဉ် ၊ စာ(၂၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger