www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 8, 2015

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် လာမည့် သုံးနှစ်အတွင်း ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုး ဖွံ့ ဖြိုးတိုးတက် လာမည်



ရန်ကုန် ၊ ၈-၁ဝ-၂ဝ၁၅

ယူနက်စကို ၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရန် ကြိုးပမ်းနေသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် လာမည့် သုံးနှစ်အတွင်း ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ ပြည်တွင်း သဘာဝ ဘေးအန္တရာယ်၊ ကျန်းမာရေး၊ နိုင်ငံရေး အခြေအနေနှင့် ရာသီဥတု အခြေအနေ တို့ပေါ်တွင် မူတည်သကဲ့သို့ အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး တို့နှင့်လည်း ဆက်စပ်မှု ရှိကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရန် ကြိုးပမ်း နေကြောင်း၊ နိုင်ငံတကာ သတင်းဌာနများ နှင့် ရုပ်သံများ၌ပါ ပြသ နေသောကြောင့် ကမ္ဘာတစ်ဝန်းမှ သိရှိနေပြီး ဖြစ်သည်။ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက် နေသည့် ကမ္ဘောဒီးယား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့မှ တစ်ဆင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လှည့်လာကြမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း ပုဂံဒေသသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက်မှု စာရင်းနှင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လ စာရင်းအရ ကွာခြားမှု မရှိသော်လည်း လာမည့် ခရီးသွားရာသီတွင် ပြီးခဲ့သည့် နှစ်များထက် နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ဇုန်ဝင်ကြေးကို နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ၂ဝ ပြောင်းလဲ ကောက်ခံခဲ့ရာ ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်တွင် လူဦးရေ ၂၄ဝဝဝဝ ကျော် ဝင်ရောက်ခဲ့ပြီးအမေရိကန် ဒေါ်လာ ၄ ဒသမ ၁ သန်းကျော် ဝင်ငွေရရှိကာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း လူဦးရေ ၅၅ဝဝဝ ခန့်ဝင်ရောက် ခဲ့၍ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းကျော် ဝင်ငွေရရှိ နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ စာရင်းများအရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger