www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 9, 2015

မြန်မာနိုင်ငံ ခရီးသွားရုပ်သံ မှတ်တမ်းကို ARTE TV Channel နှင့် French German Culture Channel တို့က ထုတ်လွှင့်ပြသမည်



ရန်ကုန် ၊ ၉-၁၀-၂၀၁၅

ပြည်တွင်း ခရီးသွား လုပ်ငန်း ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံမှ ရုပ်သံဌာန ပူးပေါင်း ရိုက်ကူးထားသည့် မြန်မာနိုင်ငံ ခရီးသွား ရုပ်သံ မှတ်တမ်းကို ဂျာမနီနိုင်ငံ ARTE TV Channel နှင့် French German Culture Channel တို့က ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ၏ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက် သတင်းများ အရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်မှု ပြည်တွင်း ခရီးသွား ကုမ္ပဏီတစ်ခု ဖြစ်သည့် Yadanabon Kingdom Travels & Tours Co., Ltd နှင့် ဂျာမနီနိုင်ငံ Medien Kontor ရုပ်သံဌာန တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခရီးသွားရုပ်သံ မှတ်တမ်းကို စက်တင်ဘာလ ၁၄ ရက်မှ ၃ဝ ရက်ထိ မန္တလေး၊ ပြင်ဦးလွင်၊ သီပေါ၊ ကျောက်မဲ ၊ အမရပူရ ၊ လားရှိုးမြို့နှင့် ပတ်ဝန်းကျင် ဒေသများ၏ ရေမြေ တောတောင် သဘာဝ အလှအပများ ၊ ဘာသာ ၊ သာသနာ အဆောက်အအုံများ၊ မြန်မာရိုးရာ အစားအစာများ၊ တိုင်းရင်းသား တို့၏ သဘာဝများနှင့် မြန်မာ့ မီးရထား ဝန်ထမ်းများ၏  သဘာဝများကို မှတ်တမ်းတင် ရိုက်ကူးခဲ့ ကြသည်။

အဆိုပါ ရိုက်ကူးခဲ့သည့် မှတ်တမ်းများ ကို မြန်မာ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာ စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ဂျာမနီနိုင်ငံ Yadanabon Kingdom Travels & Tours Co., Ltd တို့က ထုတ်လွှင့် ပြသရန် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger