www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 7, 2015

အမေရိကန်နိုင်ငံ ၏ နာမည်ကြီး WYNDHAM ဟိုတယ်လုပ်ငန်းစု မှ ရန်ကုန်မြို့တွင် ဟိုတယ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်



ရန်ကုန် ၊ ၇-၉-၂၀၁၅

အမေရိကန် နိုင်ငံ၏ ကမ္ဘာကျော် ဟိုတယ် လုပ်ငန်းစု တစ်ခုဖြစ်သည့် WYNDHAM ဟိုတယ် လုပ်ငန်းစုမှ ပြည်တွင်းရှိ Asia Myanmar Shining Star ကုမ္ပဏီနှင့် ပူးပေါင်း၍ ၂ဝ၁၆ ခုနှစ်ထဲတွင် ရန်ကုန်မြို့၌ အခန်း ၂၆ဝ ပါသည့် ဟိုတယ် တစ်ခုအား တည်ဆောက် သွားမည် ဖြစ်ကြောင်း WYNDHAM ကုမ္ပဏီ၏ အရှေ့တောင် အာရှဆိုင်ရာ ဈေးကွက် ရှာဖွေရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ပထမဆုံး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် တည်ဆောက်တဲ့ WYNDHAM ရဲ့ ဟိုတယ်ကို ရန်ကုန်မြို့ ကန်တော်ကြီး ဝန်းကျင်မှာ တည်ဆောက်နေတဲ့ ကန်သာယာ Project မှာ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်မှု ပြုလုပ်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဟိုတယ်ကို မြန်မာပြည်သူ၊ ပြည်သားတွေ အနေနဲ့လည်း စိတ်ဝင်စားပြီး အကြိုက် တွေ့မယ်လို့ ယုံကြည်ပါတယ်။ WYNDHAM ဟိုတယ်ရဲ့ ပထမဆုံး မြန်မာပြည် ခြေလှမ်းက အောင်မြင်မှု တွေနဲ့ ပြည့်နှက် နေမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ အတွင်း၌ ဖွင့်လှစ်မည့် WYNDHAM ၏ ဟိုတယ်အမည်ကို WYNDHAM Grand Hotel ဟု အမည်ပေးရန် စီစဉ်ထားကြောင်းနှင့် ၄င်းဟိုတယ် လုပ်ငန်းစုသည် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများ တွင်လည်း အဆင့်မြင့် ဇိမ်ခံဟိုတယ်များ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

၎င်းဟိုတယ်အား Asia Myanmar Shining Star ကုမ္ပဏီမှ အဓိက တည်ဆောက်မည် ဖြစ်ပြီး WYNDHAM ဟိုတယ်လုပ်ငန်း စုမှ အရည်အသွေး ထိန်းသိမ်းရေး ကဏ္ဍများနှင့် တခြားကဏ္ဍ များတွင် ပံ့ပိုးကူညီမှုများ ပြုလုပ် ထားခြင်း ဖြစ်ကာ WYNDHAM အမည်ကိုလည်း အဆိုပါ ဟိုတယ်၌ သုံးစွဲမှု ပေးထားခဲ့ ခြင်းကို ပြုလုပ်ပေး ထားကြောင်း သိရသည်။

WYNDHAM ဟိုတယ် လုပ်ငန်းစု သည် အရှေ့တောင် အာရှနှင့် ပစိဖိတ် သမုဒ္ဒရာ တစ်ဝိုက်ရှိ နိုင်ငံများတွင် ဟိုတယ် အလုံးပေါင်း ၆ဝ ကို ဖွင့်လှစ်ကာ ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger