www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 10, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Phalmarhim လေတပ်ဌာနချုပ်နှင့် Elbit သို့ သွားရောက် ကြည့်ရှုလေ့လာ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Elbit Systems Ltd မှ တာဝန်ရှိ သူများက Defence Electronic များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြစဉ်

နေပြည်တော် ၊ ၁၀-၉-၂၀၁၅

အစ္စရေးနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် Phalmarhim မြို့ရှိ လေတပ် ဌာနချုပ်သို့ သွားရောက် လေ့လာကြရာ တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် လေတပ် ဌာနချုပ်အတွင်း လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း ပြသသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Rehovot မြို့ရှိ Elbit Systems (Defence Electronic Company) သို့ သွားရောက် ကြည့်ရှု လေ့လာကြရာ Elbit Systems Ltd ဥက္ကဌ Mr. Bezalel Machlis က ခရီးဦးကြိုဆို နှုတ်ဆက်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား Elbit Systems Ltd မှ တာဝန်ရှိ သူများက Defence Electronic များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြပြီး ဆောင်ရွက် နေမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger