www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 9, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Israel Aerospace Industries (IAI) သို့ ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ 
Israel Aerospace Industries (IAI) အတွင်း ကြည့်ရှု လေ့လာစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား တာဝန်ရှိသူ တစ်ဦးက 
IAI 3D War Scenario ကို Power Point ဖြင့် ရှင်းလင်း တင်ပြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အစ္စရေးနိုင်ငံ Directorate of Security for the Defense Establishment 
အကြီးအကဲ Mr. Amir Kain အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

နေပြည်တော် ၊ ၉-၉-၂၀၁၅

အစ္စရေးနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တဲလ်အဗီးမြို့ ရှိ Israel Aerospace Industries (IAI) သို့ သွားရောက် ကြည့်ရှု လေ့လာသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Israel Aerospace Industries (IAI) ဥက္ကဋ္ဌ Mr.Joseph Weiss မှ ခရီးဦး ကြိုဆိုပြီး တာဝန်ရှိသူ တစ်ဦးက IAI 3D War Scenario အား Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည် များကို မေးမြန်း ဆွေးနွေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Israel Aerospace Industries (IAI) အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ သည် ညနေပိုင်းတွင် အစ္စရေးနိုင်ငံ Directorate of Security for the Defense Establishment အကြီးအကဲ Mr. Amir Kain က ကာကွယ်ရေး ဝန်ကြီးဌာန၌ တည်ခင်း ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက် ခဲ့သည်။

ညစာသုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)



#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger