www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 3, 2015

မောင်းသူမဲ့လေယာဉ်ဖြင့် ကလေးမြို့ရှိ ရေဘေးသင့်ေ ဒသသို့ ကောင်းကင် ဓာတ်ပုံရိုက် မြေပုံထုတ် တိုင်းတာပေး



မန္တလေး ၊ ၃-၉-၂၀၁၅

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ၊ မောင်းသူမဲ့ လေယာဉ် သုတေသန ဌာနသည် ပြေးလမ်းသုံး မောင်းသူမဲ့ လေယာဉ်ငါးစီး၊ လက်ပစ် မောင်းသူမဲ့ လေယာဉ်သုံးစီးနှင့် ပန်ကာ လေးလုံးတပ် မောင်းသူမဲ့ လေယာဉ် နှစ်စီးနှင့် ပန်ကာ ရှစ်လုံးတပ် မောင်းသူမဲ့ လေယာဉ် နှစ်စီးတို့ကို အောင်မြင်စွာ သုတေသန ပြုလုပ် ပျံသန်းနိုင်ခဲ့ပြီး လက်တွေ့အကျိုးပြု လုပ်ငန်းများတွင် အသုံးချ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်၊၊

၂၀၁၄ ခုနှစ် နိုဝင်ဘာလ တွင် ၅၀၀ ကေဗွီအေ မဟာဓာတ်လိုင်း လမ်းအူကြောင်း ရှာ Survey တိုင်းတာခြင်း လုပ်ငန်းအား (တောင်ငူမှ ဘုရားကြီးအထိ -၁၂၀ မိုင်) မောင်းသူမဲ့ လေယာဉ်ဖြင့် ကောင်းကင် ဓာတ်ပုံရိုက် တိုင်းတာ ပေးနိုင်ခဲ့သည်၊၊ ယင်းအပြင် လေထဲတွင် ၁၀ နာရီကြာ ပျံသန်းနိုင်မည့် နေစွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ် သုတေသန လုပ်ငန်းများ ကိုလည်း အသစ်တီထွင် ဆောင်ရွက်လျက် ရှိသည်၊၊

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန  ပြည်ထောင်စု ၀န်ကြီး ၏ လမ်းညွန်ချက်ဖြင့် မောင်းသူမဲ့ လေယာဉ် သုတေသန ဌာနမှ ကလေးမြို့ ရှိ ရေဘေးသင့်  ဒေသတွင် မြေပုံထုတ် Survey တိုင်းတာပေး နိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သော အဖွဲ့ဖြင့် သြဂုတ်  ၂၄ ရက်မှစတင်၍ ကောင်းကင် ဓာတ်ပုံရိုက် မြေပုံထုတ် survey တိုင်းတာ ပေးလျက် ရှိသည်၊၊ မြစ်ကြောင်း ပြောင်းလဲမှူများ၊ ပျက်စီးသွားသည့် ကျေးရွာများ၊ အသစ်ဖြစ်ပေါ် လာသော မြစ်ကျိုး ချောင်းများ၊ ရေပိုလွှဲချောင်း များနှင့် ရွှေ့ ပြောင်းကျေးရွာ များအား မြေကွက်အသစ် ဖော်ထုတ်ခြင်း လုပ်ငန်းများ အတွက် ကောင်းကင်ဓာတ်ပုံ ရိုက်ပေးကြောင်း ကောင်းကင် ဓာတ်ပုံရိုက် survey တိုင်းတာရေး အဖွဲ့ မှ မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မှ ပညာရှင် ဒေါက်တာ ခိုင်ခိုင်စိုး က ပြောကြားသည်။

” အဲဒီလို ရရှိလာတဲ့ ကောင်းကင်ဓာတ်ပုံ တွေကို မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ် တွေနဲ့ တခြား RS/GIS အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး အကျိုးပြု မြေပုံတွေ ထုတ်လုပ်ပေး မှာပါ။ ကောင်းကင် ဓာတ်ပုံကနေ တစ်ဆင့် အသုံးချမြေပုံ တွေကို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေနဲ့ နောင်တစ်ချိန် အတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေမှာ ထိရောက်စွာ အသုံးချ နိုင်မယ့်အပြင် အရေးကြီးလိုအပ်တဲ့ မြစ်ကြောင်း ပြောင်းလဲမှူ ဆိုင်ရာ အချက်အလက် တွေကိုပါ လေ့လာသုံးသပ် နိုင်မှာ ဖြစ်ပါတယ်၊၊ မောင်းသူမဲ့ လေယာဉ်နဲ့ ကောင်းကင် ဓာတ်ပုံရိုက် မြေပုံထုတ် တိုင်းတာရေး အဖွဲ့နဲ့  သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သည့် အဖွဲ့ဝင် ၁၀ ဦးနဲ့ သက်ဆိုင်သည့် ဒေသခံ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါတယ်။ မောင်းသူမဲ့ လေယာဉ် အမျိုးအစား နှစ်မျိုးရှိပြီး ပျံသန်းနိုင်တဲ့ အကွာအဝေး ကတော့ ၁၅ မိုင်ခန့် နဲ့  ကောင်းကင် ဓာတ်ပုံ ရိုက်ကင်မရာ ကြာမြင့်ချိန် ၄၅ မိနစ်ခန့် ရိုက်ကူးပျံသန်း နိုင်ပါတယ်။ ၀န်သယ်ဆောင် နိုင်မယ့် အလေးချိန်ကတော့ သုညဒသမ ၈ ကိလိုဂရမ် ဖြစ်ပါတယ်။ အခုအချိန် မှာတော့ အရေးကြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကျေးရွာတွေနဲ့  မြစ်ချောင်း ပြောင်းလဲမှု တိုင်းတာရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက် နေပါတယ်။ ရေဘေးသင့်တဲ့ နေရာတွေမှာ လူတစ်ရပ်စာ လောက် ရွှံ့ နွံ၊ နှုန်းမြေ အပျော့တွေ ဖုံးလွှမ်းနေပြီး ချောင်းရေတွေ ရှိနေတဲ့ အတွက်ကြောင့် မို့ လို့  သွားလာဖို့  အခက်အခဲတွေ ရှိနေပါတယ်။ အကြံဥာဏ်  တွေနဲ့ ပူးပေါင်းဆောင်ရွက် နိုင်တဲ့ အဖွဲ့အစည်း တွေကို ဖိတ်ခေါ်ပါတယ်။ ရပ်ဝေးရပ်နီး ကနေ အားပေးကူညီ ပေးကြတဲ့ သူတွေ ကိုလည်း အထူး ကျေးဇူးတင် ပါတယ် ” ဟု ကောင်းကင် ဓာတ်ပုံရိုက် survey တိုင်းတာရေး အဖွဲ့၊ ဒုတိယ ပါမောက္ခ၊ ကောင်းကင် ဓာတ်ပုံရိုက်ကူး Survey တိုင်းတာရေး အဖွဲ့၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ သဲမောင်မောင် က ပြောသည်။

ယင်းသို့ ဖြင့် ကောင်းကင်ဓာတ်ပုံ မှတဆင့် ကလေးမြို့ရှိ ရေဘေးအန္တရာယ် ကျရောက်ခဲ့သည့် စည်သာကျေးရွာ နှင့် မမျှော်လင့်ဘဲ ချောင်းသစ်များ ဖြစ်ပေါ်ကာ ရေဘေးသင့် ခဲ့သည့် ဇင်းကလင်း ကျေးရွာများ၏ မြေပုံများကို အောင်မြင်စွာ ထုတ်လုပ်ရရှိ ပြီးဖြစ်သည်၊၊ ယင်း အကျိုးပြု မြေပုံများကို သက်ဆိုင်ရာ ဌာနများနှင့် လိုအပ်မည့် မည်သည့် အဖွဲ့အစည်းများ မဆို ဖြန့်ဝေပေးသွား မည်ဖြစ်ပြီး ဆက်လက်၍ ကလေးမြို့ ဒေသရှိ မြစ်သာမြစ် ၊ မဏိပူရမြစ် နှင့် နေရဉ္စရာမြစ် များ၏ မြစ်ကြောင်း ပြောင်းလဲမှု အခြေအနေများအား ကောင်းကင် ဓာတ်ပုံရိုက် survey ဖြင့် တိုင်းတာ သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger