www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 10, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အစ္စရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lieutenant General Gadi Eitenkot နှင့်
 တွေ့ဆုံ ဆွေးနွေးစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော 
ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Operation Black Arrow စစ်ဆင်ရေးတွင် ကျဆုံးသွားသည့် 
စစ်သည်များအား ဂုဏ်ပြုအထိမ်းအမှတ် နေရာသို့ သွားရောက် လေ့လာစဉ်

နေပြည်တော် ၊ ၁၀-၉-၂၀၁၅

အစ္စရေးနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဂါဇာရှိ ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၌ ပြုလုပ်သော Operation Black Arrow စစ်ဆင်ရေးတွင် ကျဆုံးသွားသည့် စစ်သည်များအား ဂုဏ်ပြု အထိမ်းအမှတ် နေရာသို့ သွားရောက် လေ့လာသည်။

ယင်းနောက် ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့သည် တဲလ်အဗီးမြို့ရှိ ကာကွယ်ရေး ၀န်ကြီးဌာန၌ အစ္စရေး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lieutenant General Gadi Eitenkot နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ဒေသတွင်း အခြေအနေ၊ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ် သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေး ကိစ္စရပ်များ ဆွေးနွေးသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အစ္စရေးတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Gadi Eitenkot တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Crowne Plaza Hotel ၌ အစ္စရေးနိုင်ငံ Head of Policy and Political Military Bureau, Major General(Ret.)Mr. Amos Gilard က ညစာဖြင့် တည်ခင်း ဧည့်ခံသည်။

ညစာသုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger