www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 3, 2015

ရေဘေးသင့်ပြည်သူ တစ်သောင်းကျော် အတွက် WFP မှ အာဟာရမြင့် ဘီစကွတ်များနှင့် စားနပ်ရိက္ခာခွဲတမ်း များကို တစ်လစာ ဝေငှပေးမည်


ရန်ကုန် ၊ ၃-၈-၂၀၁၅

ရေဘေးသင့် ဒေသများရှိ လူပေါင်း တစ်သောင်းကျော် အတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ အာဟာရမြင့် ဘီစကွတ် များနှင့် စားနပ်ရိက္ခာ ခွဲတမ်းများကို တစ်လစာ ဝေငှ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

'' WFP အနေနဲ့ လူပေါင်း ၁ဝ၈၈ဝ အတွက် စားနပ် ရိက္ခာတွေ စီစဉ်ထား ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း မြို့နယ်နဲ့ ကန့်ဘလူ မြို့နယ်တွေမှာ နောက် တစ်ပတ်က စပြီး တစ်လစာ စားနပ်ရိက္ခာနဲ့ အာဟာရမြင့် ဘီစကွတ်တွေ ဖြန့်ဝေ ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလားတူ ကုလသမဂ္ဂ နှင့် တခြား နိုင်ငံတကာ NGO အဖွဲ့အစည်း များမှ ရေသန့် ဆေးပြားများ ဝေငှပေးမည် ဖြစ်ကြောင်း သိရသည်။(၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger