www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 3, 2015

နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့် ပြည်သူများ အကူအညီ ရရှိနိုင်ရန် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့များ ထံသို့ အကူအညီ တောင်းခံလျက်ရှိ


ရန်ကုန် ၊ ၃-၈-၂ဝ၁၅

နိုင်ငံတစ်ဝန်းရှိ ရေဘေးကြုံ နေရသည့် ပြည်သူများအား ကူညီမှု ပေးနိုင်ရန် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့များ ထံသို့ ပြည်တွင်း၌ ဖြစ်ပေါ်နေသော ရေဘေး အခြေအနေနှင့် ပတ်သက်၍ ပြုစုထားသည့် အစီရင်ခံစာ ပေးပို့ကာ အကူအညီ တောင်းခံလျက် ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ သိရသည်။

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော ရေဘေး အခြေအနေ များကို ပြုစုထားသည့် အစီရင်ခံစာ အပြီးသတ်ခဲ့ပြီး ယမန်နေ့မှစ၍ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများ အဖွဲ့ချုပ်၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အမေရိကန် ကြက်ခြေနီ အသင်းနှင့် ဒိန်းမတ် ကြက်ခြေနီ အသင်းသို့ ပေးပို့လျက် ရှိကြောင်း သိရသည်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့များထံသို့ အကူအညီ တောင်းခံရာတွင် ပြည်တွင်း၌ ရေဘေးသင့် အိမ်ထောင်စု အားလုံး၏ ၂ဝ ရာခိုင်နှုန်းကို လုံလောက်စွာ ထောက်ပံ့ပေး နိုင်မည့် ပမာဏတစ်ခု တောင်းခံမည် ဖြစ်ပြီး အထောက်အပံ့ မည်မျှရမည် ဆိုသည်ကို နှစ်ရက်အတွင်း သိရှိမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ အကြမ်းဖျင်း ကောက်ယူထားသည့် စာရင်းများအရ နိုင်ငံတစ်ဝန်း ၌ ရေဘေးသင့် အိမ်ထောင်စု တစ်သောင်းကျော် နှင့် လူဦးရေ ခုနစ်သောင်း ကျော် ရှိနေကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger