www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 3, 2015

ရေကြီးနစ်မြုပ်သွားသော လယ်မြေများ အတွက် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သက်တမ်းတို မျိုးစပါးများ အကူအညီတောင်းခံ


ရန်ကုန် ၊ ၃-၈-၂၀၁၅

ရေကြီးနစ်မြုပ် သွားသော လယ်မြေများ အတွက် လိုအပ်သည့် မျိုးစပါးများ ပံ့ပိုးရန် အာဆီယံနိုင်ငံ များမှ ဆန်စပါး အဓိက စိုက်ပျိုးသည့် နိုင်ငံများ ဖြစ်သော ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ သက်တမ်းတို မျိုးစပါး များကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အကူအညီ တောင်းခံ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဇူလိုင် ၃၁ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခု၌ လယ်မြေဧက ငါးသိန်း နှစ်သောင်းကျော် ရေနစ်မြုပ်ပြီး ပျက်စီး ဆုံးရှုံးမှုမှာ ဧက သုံးသောင်း လေးထောင် ကျော်ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စာရင်း ထုတ်ပြန်ချက် အရ သိရသည်။

ယခုအချိန် လယ်မြေများ ရေကြီး နစ်မြုပ်မှု သည် ပဲခူးတိုင်း ဒေသကြီးတွင် အများဆုံး ဖြစ်ပြီး ဧက တစ်သိန်း ခုနစ်သောင်း ကျော်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဧက တစ်သိန်း နှစ်သောင်း ကျော်ရှိနေပြီး ဆန်စပါး အဓိက စိုက်ပျိုးသော ဧရာဝတီတိုင်း ဒေသကြီးတွင် ရေနစ်မြုပ် နေသည့် လယ်မြေ ဧကမှာ ခုနစ်သောင်းခွဲ ခန့်ရှိကြောင်း သိရသည်။

ယခု ရေနစ်မြုပ် နေသော လယ်မြေ များသည် အထွက်နှုန်း ကောင်းသည့် နေရာများမှ ဖြစ်ပြီး ရေကျသွားသည့် စိုက်ဧကများနှင့် ထိခိုက် စိုက်ဧကများ အတွက် ဓာတ်မြေသြဇာ စနစ်တကျ ကျွေးမွေးခြင်းနှင့် ပိုးမွှားရောဂါ မကျရောက် စေရန် ဆောင်ရွက်ခြင်း တို့ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger