နေပြည်တော် ၊ ၂၀-၈-၂၀၁၅
ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာမှ အဖျောက်မြို့ သွားကားလမ်း မိုင်တိုင်အမှတ် (၁ဝ/၁)ရှိ ကွန်ကရစ်တံတား အမှတ်(၁/၁၁) တွင် လှိုင်မြစ်ရေ ကျော်တိုက် စားမှုကြောင့် တံတားထိပ်၏ နှစ်ဖက်၌ အကျယ် ပေ ၂ဝ၊ အနက် ၁၇ ပေခန့်ကျင်းများ ဖြစ်ပေါ်ခဲ့သဖြင့် သြဂုတ် ၁၇ ရက်မှစ၍ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုက်ကြီး တပ်နယ်မှ တပ်မတော်သား များက ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့ များနှင့် ပူးပေါင်းကာ ငုတ်ရိုက်ခြင်း၊ သဲအိတ်များ ပြန်လည် ဖို့ပေးခြင်း လုပ်ငန်းများအား ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၁၅)
#Themyawadydaily






No comments:
Post a Comment