www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 20, 2015

လုံခြုံရေး တင်းကျပ်သော အကျဉ်းထောင်မှ ထွက်ပြေးသွားသည့် အကျဉ်းသားကို သြစတြေးလျ ရဲတပ်ဖွဲ့ ပြန်လည်ဖမ်းဆီး



ဆစ်ဒနီ ၊ ၂ဝ-၈-၂ဝ၁၅

သြစတြေးလျ နိုင်ငံရှိ လုံခြုံရေး တင်းကျပ်သော အကျဉ်းထောင် တစ်ခုမှ အကျဉ်းသား တစ်ဦးသည် အိပ်ယာခင်းစ များနှင့် ခေါင်းအုံး တစ်ခုကို အသုံးပြု၍ သံဆူးကြိုးများ တပ်ဆင် ထားသော နံရံပေါ်သို့ တွယ်တက်ကာ လွတ်မြောက် သွားခဲ့ပြီးနောက် အကျဉ်းထောင် လုံခြုံရေးကို ပြန်လည် ဆန်းစစ်မည် ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင် များက သြဂုတ် ၁၉ ရက်တွင် ကတိပြု ပြောကြားသည်။

အသက် ၂၈ နှစ်အရွယ် စတီဗင်ဂျေမီဆန် အမည်ရှိ အဆိုပါ အကျဉ်းသမားသည် သြဂုတ် ၁၈ ရက်က အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ၄င်းကို ရဲတပ်ဖွဲ့က ရဟတ်ယာဉ် များနှင့် ရှာဖွေရေး ခွေးများ အသုံးပြု၍ လိုက်လံရှာဖွေ ခဲ့ရာ အကျဉ်းထောင်မှ ကီလိုမီတာ ၁ဝဝ ခန့် အကွာတွင် ပြန်လည်ဖမ်းမိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကျဉ်းထောင်သည် မြို့တော် ဆစ်ဒနီမှ ကီလိုမီတာ ၂ဝဝ ခန့်အကွာ ရှိ ဂိုးဘမ်းမြို့၌ တည်ရှိကြောင်း၊ ယခင်က ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း နယူးဆောက်သ်ဝေး စုံစမ်းရေး ဌာန အဖွဲ့ဝင် ပီတာဆာဗီရင် က ပြောကြားသည်။

ဂျေမီဆန် သည် ဓားပြမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ကျခံ နေရသူဖြစ်ပြီး ယခုအခါ အကျဉ်းထောင် ဖောက်မှုဖြင့် ဂိုးဘမ်း တရားရုံးက လာမည့် သြဂုတ် ၂၉ ရက်တွင် တရားစွဲဆို သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ လုံခြုံရေး ကျွမ်းကျင်သူများ အနေဖြင့် ဖြစ်စဉ် အကြောင်းရင်း ကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း ဆာဗီရင် က ထပ်လောင်း ပြောကြားသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၉)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger