www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

ကမ္ဘာ့ပင်လယ်ပြင်မှ ကိုယ်ပျောက် လူသတ်သမားများ



ဘာလင် ၊ ၁၉-၈-၂၀၁၅

ပင်လယ်ကူး သင်္ဘောကြီးများ မှ ထုတ်လွှတ် နေသော မီးခိုးများသည် ကိုယ်ပျောက် လူသတ် သမားများ ဖြစ်နေကြောင်း မကြာသေးမီ က ကောက်ယူ ခဲ့သော စစ်တမ်း တစ်စောင်ကို ရိုက်တာ သတင်းဌာန က ဖော်ပြ ထားရှိသည်။ 

ပင်လယ်ကူး သင်္ဘောများမှ ထုတ်လွှတ်သော မီးခိုးများကြောင့် ကမ္ဘာ့လေထုကို အလွန် ဆိုးရွားစွာ ညစ်ညမ်းစေပြီး လူသားများအား ကင်ဆာ ကဲ့သို့သော ရောဂါမျိုးစုံ ရရှိစေပြီး နှစ်စဉ် လူပေါင်း ခြောက်သောင်းကျော် အသက်ဆုံးရှုံး နေကြ ရသည်။

ဂျာမနီနိုင်ငံ ရိုစတော့ တက္ကသိုလ်နှင့် မြူးနစ်မြို့မှ ပတ်ဝန်းကျင် ရေးရာ ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း၍ ကြီးမှူး ကောက်ခံသော စစ်တမ်းကြီး ဖြစ်သည်။ ပင်လယ်ကူး သင်္ဘောကြီး များမှ ထုတ်လွှတ်သော မီးခိုးများကြောင့် ဥရောပ နိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှု များအတွက် နှစ်စဉ် ယူရို ၅၈ ဘီလီယံ ကုန်ကျ နေကြောင်းပါ တွေ့ရှိ လာခဲ့ရသည်။

ကုန်တင်နှင့် ခရီးသည်တင် ပင်လယ်ကူး သင်္ဘောကြီး များတွင် တပ်ဆင် ထားသော အင်ဂျင်ကြီး များသည် ဒီဇယ်ဆီ (သို့မဟုတ်) အလွန် ပြင်းထန်သော ပေါက်ကွဲအား ရှိသည့် လောင်စာဆီများ သုံးစွဲလေ့ ရှိကြသည်။ သို့ဖြစ်၍ လေထုတွင်းသို့ ဟိုက်ဒရိုကာဗွန် နှင့် ဆာလဖာ များကို လေထု အတွင်း ဓာတ်ငွေ့ များအဖြစ် ပို့လွှတ် နေသကဲ့သို့ ဖြစ်နေကြောင်း စစ်တမ်းတွင် ဖော်ပြ ထားရှိသည်။

ပင်လယ်ကူး သင်္ဘောများက ထုတ်လွှတ်သော ဓာတ်ငွေ့ များသည် မော်တော်ယာဉ် များက လွှတ်သော လေထု ညစ်ညမ်းမှု ဓာတုဓာတ်များ ထက် အဆပေါင်း ၂၇ဝဝ ပြင်းထန် ဆိုးရွားကြောင်း သိရသည်။ လောင်စာအတွက် ကမ္ဘာတစ်ဝန်း သုံးစွဲ နေကြသော ငွေကြေး များတွင် ပင်လယ်ကူး သင်္ဘောကြီး များ၏ လောင်စာဆီ ဖိုးများက ငါးပုံတစ်ပုံ ရှိကြောင်းလည်း အဆိုပါ စစ်တမ်းမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger