ရန်ကုန် ၊ ၂၀-၈-၂၀၁၅
ရေဘေးသင့် ပြည်သူများ အတွက် ဆန်နှင့် စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါး ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများ ပါဝင်သော ထောက်ပံ့ ပစ္စည်းများကို အနယ်နယ် အရပ်ရပ်မှ စေတနာရှင်၊ အလှူရှင် များက မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ လာရောက် လှူဒါန်းလျက် ရှိရာ ယမန်နေ့တွင် မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှ တိရ စ္ဆာန် အစာအိတ် ၁၂ဝ၊ မင်္ဂလာဒုံ တပ်နယ်နှင့် ရန်ကုန်တပ်နယ် မိသားစုများမှ စားသောက်ကုန် ထည့်ထားသည့် စက္ကူပုံး ၃၁ ပုံး၊ ပစ္စည်းစုံ ထည့်ထားသည့် ဆာလာအိတ် ၂၅ အိတ်၊ အဝတ်ထုပ် ၂၈၆ ထုပ်၊ ရေသန့် ၃၉ ကတ်၊ ဆီပုံး ရှစ်ပုံး၊ ဆန် ၉၅ အိတ်၊ မုန့် ၂၃ အိတ်၊ သံသေတ္တာ တစ်လုံး၊ အချိုရည်ကတ် ၃ဝ ကတ်၊ ငါးသေတ္တာ လေးကတ် အပါအဝင် စုစုပေါင်း ၁၇ တန်ခန့်ကို လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၁၅)
#Themyawadydaily






No comments:
Post a Comment