www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန် နယ်နိမိတ် ကျောက်တိုင်သစ်များ စိုက်ထူခြင်းလုပ်ငန်း အား ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု



ညောင်ဦး ၊ ၁၉-၈-၂၀၁၅

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဇုန်နယ်နိမိတ် ကျောက်တိုင်သစ်များ စိုက်ထူခြင်း လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား လုပ်ကိုင်ခွင့်ပြု သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဇုန်နယ်နိမိတ် ကျောက်တိုင်သစ်များ စိုက်ထူခြင်း လုပ်ငန်းကို ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေဖြင့် ယခု ဘဏ္ဍာနှစ် အတွင်း လုပ်ဆောင်မည် ဖြစ်သည်။ ထိုကဲ့သို့ ဇုန်နယ်နိမိတ် ကျောက်တိုင် စိုက်ထူရခြင်း သည် ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် နှင့် ပညာရှင်များ ခွဲခြား သတ်မှတ် ထားသည့် ဇုန်နယ်မြေမှ ယဉ်ကျေးမှု များကို ဧရိယာ ပိုင်းခြားကာ ခွဲခြား လေ့လာနိုင်ရန် ရည်ရွယ်စိုက်ထူခြင်း ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဇုန်နယ်နိမိတ် စိုက်ထူခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက် ထားသည့် နေရာများ ရှိသည့်နည်းတူ လိုအပ်ချက် အရ အသစ်ထပ်မံ စိုက်ထူမည့် နေရာများကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား ဆောင်ရွက်ခွင့်ပြု သွားမည် ဖြစ်သည်။ ထို့ကြောင့် ဇုန်နယ်နိမိတ် ကျောက်တိုင်သစ်များ စိုက်ထူခြင်း လုပ်ငန်းကို ဆောင်ရွက်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် သြဂုတ် ၃၁ ရက် အထိ လုပ်ငန်းနှင့် ပတ်သက်သည့် အိတ်ဖွင့် တင်ဒါများကို ဦးစီးဌာန (ရုံးချုပ်) တွင် ဝယ်ယူ နိုင်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်း လုပ်ကိုင်ခွင့်ကို စက်တင်ဘာ ၇ ရက်တွင် အမျိုးသားပြတိုက် (နေပြည်တော်) တွင် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသည် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွား အများစု လာရောက်သော နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ယဉ်ကျေးမှု ဒေသဖြစ်ပြီး ယခုနောက်ပိုင်း ကာလများတွင် ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်ချက် ရှိလာခြင်းကြောင့် ပြီးခဲ့သည့် နှစ်များ အတွင်းတွင် စတင်ပြီး ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံများ ယိုယွင်း ပျက်စီးမှု မရှိအောင် အဆိုပါ ဒေသအတွင်း မော်တော်ယာဉ် ဖြတ်သန်း သွားလာမှု များကို ကန့်သတ် ထားကြောင်း သိရသည်။

စိုးမိုး

မြဝတီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger