www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 13, 2015

သွေးအတွင်း အချိုဓာတ် များခြင်း


သွေးအတွင်း အချိုဓာတ် များခြင်း

ဒေါက်တာ သက်လွင်

သွေးအတွင်း သကြားဓာတ် များတာဟာ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း ပိုဖြစ်စေတယ်။ သကြားဓာတ်နဲ့ ပတ်သက်ရင် ဆီးချိုရောဂါ ဖြစ်စေရုံမက အရွယ်လွန် အိုမင်းခြင်း၊ သတိမေ့ခြင်း များလည်း ဖြစ်နိုင်ပါတယ်။

ဆဲလ် ကလာပ်စည်းများ ဆီကို ဂလူးကို့စ် (သကြားဓာတ်) အလုံအလောက် မရောက်တဲ့ အခါ လိုအပ်တဲ့ စွမ်းအင်မရနိုင် ပါဘူး။ မောပန်း နွမ်းနယ်ခြင်း၊ အားအင် ကုန်ခန်းခြင်း၊ အိပ်မရခြင်း စတဲ့ ခံစားမှုများ ဖြစ်လာပါတယ်။

အကျိုးဆက်က သွားစရာ နေစရာ မရှိတဲ့ အလျောက် ဂလူးကို့စ် ဟာ သွေးလှည့်ပတ်မှု စနစ်အတွင်း စုပြုံ လာပါတယ်။ သွေးအတွင်း သကြားဓာတ် မြင့်မား လာတော့တယ်။ ကြာရင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်လာတယ်။ ဆီးချို၊ သွေးချို ဖြစ်နိုင်တဲ့ အန္တရာယ်များက တချို့ အမူအကျင့်၊ အလေ့အထ များနဲ့ အခြေအနေများ တူညီကြတယ်။ 

ဆီးချို၊ သွေးချို ဖြစ်စေတဲ့ အချက်အလက် တွေက မိသားစု မျိုးရိုးအတွင်း ဆီးချို၊ သွေးချိုရှိခြင်း၊ ကိုယ်အလေးချိန် များခြင်း (အဝလွန်ခြင်း)၊ ကိုယ်လက် လှုပ်ရှားမှု နည်းခြင်း၊ အသက် ၄ဝ ကျော်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန် သွေးချို၊ ဆီးချို ရှိဖူးခြင်း၊ ကိုယ်ဝန်မှ မွေးစ ကလေးဟာ ကိုယ် အလေးချိန် ၉ ပေါင်ကျော်ခြင်း တို့ဖြစ်တယ်။ သွေးအတွင်း သကြားဓာတ် မြင့်မားခြင်းက အရာခပ်သိမ်း ဆီးချို၊ သွေးချို ဖြစ်ဖို့ များစေတယ်။

စမ်းသပ်မှု အနေနဲ့ ဂလူးကို့စ် မီတာ ခေါ် သွေးချိုတိုင်းစက် နဲ့ မနက် ၆ နာရီ အိပ်ရာကထ၊ ဘာမှမစား၊ မလုပ်ရသေးတဲ့ အချိန်မှာ တိုင်းတာခြင်း၊ ဟေမိုဂလိုပင် အေဝမ်းစီ (Hb A1C) တိုင်း၊ အချိန်မရွေး သွေးအတွင်း အချိုဓာတ် စစ်ဆေးခြင်းတို့ ဆောင်ရွက် နိုင်ပါတယ်။ သာမန် ၇၅ မှ ၁၇၅ ဂရမ် ရာခိုင်နှုန်း ရှိပါတယ်။ ဒါ့အပြင် ဓာတ်စာကို ကျန်းမာရေး နဲ့ ညီညွတ်တဲ့ စားသောက်မှု စနစ်ရှိရမယ်။ သဘာဝ အချိုဓာတ် ပါတဲ့ အစားအစာ စားနိုင်တယ်။ 

လတ်ဆတ် သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက် နဲ့သစ်သီး မှာပါတဲ့ သကြားဓာတ် က ကောင်းမွန်တယ်။ ကိုယ်အလေးချိန် တက်တာ လျော့စေတယ်။ အဆီဓာတ် များတဲ့ အစားအစာနဲ့ သကြား ပါဝင်မှုများတဲ့ အစားအစာ လျှော့စား ရပါမယ်။

ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ထမင်း၊ လတ်ဆတ်တဲ့ အသီးအနှံ၊ အသီးအရွက်သုပ်၊ ဟင်းသီးဟင်းရွက်၊ ပဲနီလေး၊ ကုလားပဲ၊ အစေ့အဆန်နဲ့ အခွံမာသီး တို့ စားသုံး ပေးရမယ်။ တိရစ္ဆာ န်မှ ရတဲ့ အဆီ ၊ နှစ်ခါပြန် ကြော်ဆီ၊ စားအုန်းဆီ တို့ ရှောင်ရမယ်။ ခရိုမီယမ် (Chromium) ပါတဲ့ အစားအစာ သုံးရမယ်။ အဆီ ထုတ်ထားတဲ့ အနီရောင် အသား၊ ဂျုံနဲ့လုပ်တဲ့ အစားအစာ၊ ဒိန်ခဲတွေမှာ ခရိုမီယမ် ကြွယ်ဝတယ်။ ဆီးချိုစာ၊ ဆီးချိုမုန့် အင်ရှူးဝါး၊ ဘီစကွတ်၊ ဆီးချို ချောကလက် တို့ စားနိုင်တယ်။ အရက်၊ ဘီယာ၊ ဆေးလိပ် ဖြတ်ရမယ်။ အားကစားကို နေ့စဉ် နာရီဝက်ကနေ တစ်နာရီ အားကစား အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်ပေးသင့် ပါတယ်။ စက်လှေကား၊ ဓာတ်လှေကား က မတက်ဘဲ ရိုးရိုးလှေကား ကနေ တက်ရမယ်။ လမ်းလျှောက် သင့်တယ်။ ဆေးဝါးများကို သုံးစွဲရာမှာ ဆီးချိုရောဂါ သေချာရင် စားဆေး မက်ဖော်မင် (Metformin 500 mg) စားဆေး တစ်နေ့တစ်လုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း သောက်နိုင်တယ်။ အင်ဆူလင် ထိုးဆေး ထိုးနှံနိုင်တယ်။

ဆီးချို (၁) ဆိုရင် အင်ဆူလင် အပေါ် မှီခိုရတဲ့ ဆီးချို (၁) အမျိုးအစား ဖြစ်တယ်။ ပန်ကရိယ ထဲက အင်ဆူလင် မလုံလောက်လို့၊ ကလေးဘဝ ဆီးချိုရောဂါ ဖြစ်လို့ လိုအပ်ချက် အပေါ် မူတည်ပြီး အင်ဆူလင် ၁ ယူနစ် သို့မဟုတ် ၂ ယူနစ် ထိုးတယ်။ ဆီးချို(၂)။ အင်ဆူလင် အပေါ် မူမတည်ဘဲ မျိုးရိုးလိုက်တဲ့ ဆီးချို အမျိုးအစား ဖြစ်တယ်။ စားဆေး မက်ဖော်မင် (Metformin) ပေးနိုင်တယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger