www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 17, 2015

သားအိမ်ခေါင်းကင်ဆာ ရောဂါ အခမဲ့ စစ်ဆေးပေးသဖြင့် လာရောက်ကုသမှု ခံယူသည့်ဦးရေ များလာ



ရန်ကုန် ၊ ၁၇-၈-၂ဝ၁၅

သားအိမ်ခေါင်း ကင်ဆာရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း နှင့် ကုသခြင်း များကို ဗဟို အမျိုးသမီး ဆေးရုံကြီး၌ အခမဲ့ ဆောင်ရွက်ပေး လျက်ရှိရာ လာရောက် ပြသသည့် အမျိုးသမီး ဦးရေများပြား လာကြောင်း ဗဟို အမျိုးသမီး ဆေးရုံမှ တွဲဖက် ပါမောက္ခ ဒေါက်တာ ခင်မေသင်း က ပြောသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါ ကို အိမ်ထောင်ရှိသည့် အမျိုးသမီး များသာ စစ်ဆေး၍ ရကြောင်း သိရသည်။ လက်ရှိတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ရေး အစီအစဉ်အရ ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့် ကုသခြင်း လုပ်ငန်းများကို အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ တို့၌ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေး နေကြောင်း ဆေးရုံသို့ တစ်ရက်လျှင် လူဦးရေ ၃ဝ ကျော် လာရောက်ပြသ ကြကြောင်း သိရသည်။

HPV ပိုး အမျိုးပေါင်း ၄ဝ ကျော်ခန့်ရှိ သည့်အနက် မျိုးကွဲ ၁၆ နှင့် ၁၈ မှာ သားအိမ်ခေါင်း ကင်ဆာရောဂါ ကို ၇ဝ ရာခိုင်နှုန်း ဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲ များမှာ ၃ဝ ရာခိုင်နှုန်း သားအိမ်ခေါင်း ကင်ဆာရောဂါ ကို ဖြစ်စေ နိုင်သည်။

အဆိုပါ HPV ပိုး မျိုးကွဲတချို့မှာ သားအိမ်ခေါင်းထဲ ဝင်ရောက်ပြီး နောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ခုခံအားဖြင့် ရောဂါပိုးကို တိုက်နိုင်ကြောင်း နှင့် ပိုးအမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြားပိုး များထက် သားအိမ်ခေါင်း အတွင်း၌ ဆက်လက် တည်ရှိနိုင်ကာ သားအိမ်ခေါင်း ကင်ဆာရောဂါ အဆင့်အထိ ဖြစ်စေ နိုင်ကြောင်း သိရသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ရန် အမျိုးသမီးများ အနေဖြင့် သားအိမ်ခေါင်းချွဲ ပုံမှန် စစ်ဆေးခြင်းနှင့် အိမ်ထောင် မကျမီ အပျိုဖော်ဝင် အမျိုးသမီး များသည် ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ကာကွယ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြဝတီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger