www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 14, 2015

အင်ဒိုနီးရှား တရားရုံးက ဆူဟာတို ဖောင်ဒေးရှင်း အား အမေရိကန်ဒေါ်လာ ၃၂၅ သန်း ပေးဆောင်ရန် အမိန့်ချမှတ်


ဂျကာတာ ၊ ၁၄-၈-၂၀၁၅

အင်ဒိုနီးရှား တရားရုံးသည် သမ္မတဟောင်း ဆူဟာတို တည်ထောင် ထားသည့် ဖောင်ဒေးရှင်း တစ်ခုအား အလွဲသုံးစား ပြုလုပ်ခဲ့သော နိုင်ငံတော် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၂၅ သန်းကို ပြန်လည် ပေးဆောင်ရန် အတွက် အမိန့်ချမှတ် ခဲ့သည်ဟု သြဂုတ်လ ၁၂ ရက်နေ့တွင် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း Newsnow သတင်းတစ်ရပ် အရ သိရသည်။ 

တရားရုံးချုပ်က ပြန်လည် ပေးဆောင်ရန် အမိန့်ချမှတ် ခဲ့သော ငွေပမာဏ အမြောက်အမြားသည် ဆူဟာတို မိသားစုက ကိုင်တွယ် ထိန်းချုပ်ထားသည့် ပညာရေး ဆိုင်ရာ ဖောင်ဒေးရှင်း တစ်ခုမှ ဖြစ်ကြောင်း အဆိုပါ တရားရုံးမှ ပြောရေး ဆိုခွင့်ရှိသူ Suhadi က ပြောကြား ခဲ့သည်ဟု သိရသည်။ 

အင်ဒိုနီးရှား နိုင်ငံကို ဆယ်စုနှစ် ၃ စုကျော်ကြာ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး ဆူဟာတို သည် ၁၉၉၈ ခုနှစ်တွင် လူထု ဆန့်ကျင်မှု များကြောင့် ဖြုတ်ချခံခဲ့ ရခြင်း ဖြစ်သည်။ ဆူဟာတို သည် ၄င်း အာဏာရှိစဉ် အချိန်အတွင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံနှင့် ၃၅ ဘီလီယံ ကြားကို နိုင်ငံတော် ထံမှ မတရားရယူ ခဲ့ကြောင်းနှင့် နိုင်ငံ့သမိုင်းတွင် လာဘ်စားမှု အများဆုံး ခေါင်းဆောင်တစ်ဦး အဖြစ် နိုင်ငံတကာ အကျင့်ပျက် ခြစားမှု စောင့်ကြည့်ရေး အဖွဲ့က သတ်မှတ် ခဲ့ကြောင်း သိရသည်။ 

ဆင်းရဲ နွမ်းပါးသော မိသားစုများမှ ကလေးငယ် များအား တက္ကသိုလ် ပညာသင်ဆု အဖြစ် ထောက်ပံ့ရန် အတွက် အဆိုပါ ဆူဟာတို ဖောင်ဒေးရှင်း ကို ဖွဲ့စည်း တည်ထောင်ခဲ့ သော်လည်း ဆူဟာတို မိသားစု အနေဖြင့် အစိုးရ ဘဏ္ဍာငွေ များကို အလွဲသုံးစား ပြုလုပ်ရန် ၄င်း ဖောင်ဒေးရှင်းအား အသုံးချ ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger