www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 19, 2015

ပျူမြို့ဟောင်း သုံးနေရာတွင် ဟိုတယ် ဆောက်လုပ်မှုကို တားမြစ်ပိတ်ပင် ထားသော်လည်း ခရီးသွားများ အခက်အခဲ မဖြစ်နိုင်


ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း တစ်နေရာ

ရွှေဘို ၊ ၁၉-၈-၂၀၁၅

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း သုံးနေရာတွင် ဟိုတယ် ဆောက်လုပ်မှု များကို တားမြစ်ပိတ်ပင် ထားသော်လည်း အဆိုပါ ပျူမြို့ဟောင်း သုံးနေရာ၏ အနီး ပတ်ဝန်းကျင် ဒေသရှိ မြို့ကြီး များတွင် ဟိုတယ်များ လုံလောက်မှု ရှိနေ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအတွက် တည်းခို နေထိုင်ရန် အခက်အခဲ မရှိနိုင်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ၏ သတင်းများ အရ သိရသည်။

ယခုအခါ အဆိုပါ နေရာဒေသ များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြု ခံခဲ့ရသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အနေဖြင့် ပိုမိုစိတ်ဝင်စား လာသဖြင့် နိုင်ငံတကာ ခရီးသွားများ သာမကဘဲ ပြည်တွင်း ဘုရားဖူး ခရီးသွား များလည်း လာရောက် လည်ပတ် လေ့လာမှု များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြား လာခဲ့သည်။ ထို့ပြင် ဟန်လင်းဒေသ တွင် ကျောက်ချောလမ်း ခင်းကျင်းပြီးစီး သွားပြီ ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ လာရောက် လေ့လာ လည်ပတ်ရန် ခရီးလမ်းပန်း ပိုမို အဆင်ပြေ ချောမွေ့မှုလည်း ရှိနေသဖြင့် လာရောက် လည်ပတ်သူ ပိုမို များပြား လာနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီး နောက်ပိုင်း ကာလများတွင် ဟိုတယ် ဆောက်လုပ်ခွင့် များကို တားမြစ် ပိတ်ပင် ခဲ့သော်လည်း လာရောက်လည်ပတ် လေ့လာ နေကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အနေဖြင့် တည်းခို နေထိုင်ရေး အတွက် အခက်အခဲ မရှိခဲ့ပေ။

သရေခေတ္တရာ ပျူမြို့ဟောင်း အနီးတွင် ပြည်မြို့ရှိနေပြီး ဟန်လင်း ပျူမြို့ဟောင်း အနီးတွင် ရွှေဘိုမြို့ နှင့် ဗိဿနိုး ပျူမြို့ဟောင်းတွင် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ တို့ရှိနေရာ အဆိုပါမြို့ များတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တည်းခို နေထိုင်နိုင်ရန် ဟိုတယ်များ အလုံအလောက် ရှိနေကြောင်း သိရှိရသည်။

ချမ်းချမ်း

ရတနာပုံနေ့စဉ် ၊ စာ(၁)



#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger