www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 14, 2015

အရှေ့တောင်အာရှ အာဆီယံအာစရိယ ထူးချွန်ဆု ကို လှိုင်သာယာမှ အထက်တန်းပြ ဆရာမတစ်ဦးရရှိ


ရန်ကုန် ၊ ၁၄-၈-၂၀၁၅

အရှေ့တောင်အာရှ အာဆီယံ အာစရိယ ထူးချွန်ဆု (Princess Maha Chakri Award - PMCA) ဆုကို ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်မှ အထက်တန်းပြ ဆရာမ တစ်ဦး ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆုသည် ထိုင်းနိုင်ငံရှိ ထိုင်းဘုရင့် သမီးတော် မဟာ ချက္ကရီသီရိဒုံ မှ ချီးမြှင့်ခြင်း ဖြစ်ပြီး အာဆီယံ ဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှ ရွေးချယ်ကာ နှစ်နှစ်တစ်ကြိမ် ချီးမြှင့်လေ့ ရှိသည်။

ကျောင်းသား၊ ကျောင်းသူများ၏ ဘဝ တိုးတက် ပြောင်းလဲရေးကို ပုံဖော်ကာ စွမ်းဆောင် နိုင်သည့် အခြေအနေ များကို အကဲဖြတ် ရွေးချယ်ရာတွင် မြန်မာနိုင်ငံနှင့် အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ အရှေ့တီမော စသည့်နိုင်ငံ တို့မှလည်း တစ်ဦးစီ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆုရရှိခဲ့သည့် အထက်တန်းပြ ဆရာမသည် လှိုင်သာယာ မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းမှ ဒေါ်ရီမွန်စိုး ဖြစ်ပြီး ၄င်းသည် စာသင်ကြားမှု အပိုင်းတွင် ကောင်းမွန် ထူးချွန်သူ တစ်ဦးဖြစ်ကာ သက်ဆိုင်ရာ ဘာသာရပ်၌ သာမက အသက်မွေး ဝမ်းကျောင်း ပညာရပ် များတွင်ပါ သင်ကြားရာတွင် ထူးချွန်သူလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၂ ရက်တွင် ကျင်းပမည်ဟု ကြေညာထားပြီး ရွှေစင် တစ်ကျပ်သားဖြင့် သွန်းလောင်း ထားသော ဆုတံဆိပ်နှင့် ငွေသားအဖြစ် အမေရိကန် ဒေါ်လာ ၁ဝဝဝဝ ကို ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger