www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 7, 2015

နော်ဝေနိုင်ငံက ရေကြီးရေလျှံဒေသများရှိ ပြည်သူများအား အမေရိကန်ဒေါ်လာ ၁၂ သန်း ပေးအပ်ကူညီမည်


မကွေး ၊ ၇-၈-၂၀၁၅

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံ ဒေသများရှိ ပြည်သူများအား နော်ဝေနိုင်ငံက အမေရိကန် ဒေါ်လာ ၁၂ သန်း ညီမျှသည့် နော်ဝေနိုင်ငံသုံးငွေ (NOK 10 million) ပေးအပ်ကူညီမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနှံ့အပြား၌ ဇွန်လမှ သြဂုတ်လ အတွင်း ရေကြီး ရေလျှံမှုကြောင့် ရေဘေးဒုက္ခ ခံစားနေရသူများ အတွက် နော်ဝေနိုင်ငံ မှ နော်ဝေကရုန်း ၁ဝ သန်း (အမေရိကန် ဒေါ်လာ ၁၂ သန်း) ကို ထောက်ပံ့မည် ဖြစ်ကြောင်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သြဂုတ် ၅ ရက်က ထုတ်ပြန် လိုက်သည်။

အဆိုပါ ထောက်ပံ့မှုကို နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ဘော့ဂဲဘရင်ဒီ က  မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၌ သြဂုတ် ၅ ရက်တွင် တွေ့ဆုံစဉ် အသိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံးမှုတွေက သဘာဝ ကပ်ဘေးတွေကို ကြံ့ကြံ့ခံ နိုင်စွမ်းကို တိုးမြှင့်ဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ဖော်ပြ နေပါတယ်။ လူ့အသက် တွေကို ပိုပြီးကယ်တင် နိုင်ဖို့ ဒေသတွင်း အာဏာပိုင် တွေနဲ့ ဖွံ့ဖြိုးရေး လှုပ်ရှားသူတွေက သူတို့ရဲ့ လုပ်အားကို ဘေးဒဏ်သင့် နေရာတွေမှာပဲ စူးစိုက်ပုံ အောထားဖို့က အရေးကြီး ပါတယ်''ဟု နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။ (၄၄၃)

Norway provides NOK 10 million to assist flood victims in Myanmar

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger