www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 13, 2015

ကျန်းမာရေး စောင့်ရှောက်မှုအာမခံစနစ် စတင်ရောင်းချသည့် ဇူလိုင် ၁ ရက်မှစ၍ ရက်သတ္တပတ်အတွင် ၀ယ်ယူသူဦးရေ ၁၅၀၀ ကျော်ရှိ



ရန်ကုန် ၊ ၁၃-၇-၂၀၁၅

ကျန်းမာရေး စောင့်ရှောက်မှု အာမခံ စနစ်အား ပုဂ္ဂလိက ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်း များက အဓိက စိတ်ဝင်စားမှု ရှိကာ စတင် ရောင်းချသည့် ဇူလိုင် ၁ ရက်မှစ၍ ရက်သတ္တပတ် အတွင်း ဝယ်ယူသူ ဦးရေ ၁၅ဝဝ ကျော် ရှိကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိမ်း က ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု အာမခံကို ဇူလိုင် ၁ ရက်မှ စတင် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ယင်းအာမခံ ၁ ယူနစ်လျှင် ငွေကျပ် ၅ဝဝဝဝ ဖြင့် ရောင်းချခြင်း ဖြစ်သည်။ လူတစ်ဦးလျှင် ၅ ယူနစ်အထိ ဝယ်ယူ နိုင်ကြောင်း သိရသည်။ အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု အာမခံ စနစ်အား လူလတ် တန်းစားများ ဝယ်ယူနိုင်ရန် ရည်ရွယ်လျက် ရောင်းချခဲ့ခြင်း ဖြစ်ကြာင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု အာမခံစနစ်ကို ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ ဝန်ထမ်းများ ဝယ်ယူမှုများ ပြားပြီး စိတ်ဝင်စားမှု များရှိကြောင်း နှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား အသက် ခြောက်နှစ်မှ ၁၈ နှစ်အတွင်းရှိ သူများ အနေဖြင့် အုပ်ထိန်းသူ များမှတစ်ဆင့် ဝယ်နိုင်ကြောင်း IKBZ အာမခံ လုပ်ငန်း မှ သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု အာမခံစနစ်တွင် ရောဂါ လက္ခဏာ ရှိသူများ၊ စိတ်ရောဂါ ဝေဒနာရှင်များ၊ သား၊ သမီးရလိုမှုဖြင့် ဆေးဝါးကုသမှု ခံယူနေသူများ၊ မတော်တဆ ကြောင့် မဟုတ်ဘဲ သွားထိခိုက် သူများ၊ အလှအပ အတွက် ခွဲစိတ်ပြုပြင် သူများ၊ မူးယစ်ဆေးဝါး ကြောင့် ထိခိုက်သူများ၊ AIDS ကြောင့် ဆေးကုသ ခံရသူများ၊ အကြမ်းဖက် ကိစ္စရပ်များ အတွင်း ထိခိုက်ဒဏ်ရာ ရသူများ အကျုံးမဝင် ကြောင်း သိရသည်။ ကျန်းမာရေး စောင့်ရှောက်မှု အာမခံ စနစ်တွင် ကျန်းမာရေး ချို့ယွင်း၍ အသက် သေဆုံးသွား ပါက ၁ ယူနစ်လျှင် ငွေကျပ် ၁ဝ သိန်းရရှိမည် ဖြစ်ကာ ဆေးရုံတက် ကုသချိန်တွင် အသက် သေဆုံးပါက ရက် ၃ဝ စာ ငွေကျပ် လေးသိန်းခွဲ နှင့် ကျန်ငွေ စုစုပေါင်း ငွေကျပ် ၁ဝ သိန်း ရရှိမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

လက်ရှိတွင် မြန်မာ့ အာမခံ လုပ်ငန်းမှ အာမခံ အမျိုးအစားပေါင်း ၄၈ မျိုးခန့်ကို ရောင်းချပေး နေပြီး ယခင်က ပုဂ္ဂလိက အာမခံ လုပ်ငန်း များသို့ အာမခံ လုပ်ပိုင်ခွင့် ခြောက်မျိုးသာ ပေးခဲ့ရာမှ ယခုအခါ ရှစ်မျိုးအထိ တိုးမြှင့်ပေး ထားပြီး ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger