www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 16, 2015

မြွေဆိပ်ဖြေဆေးရည် ပုလင်းများ ထည့်သိမ်းနိုင်မည့် အေးခဲခြောက်စက် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထားရှိရန်စီစဉ်



ရန်ကုန် ၊ ၁၆-၇-၂၀၁၅

မြွေဆိပ်ဖြေ ဆေးရည် ပုလင်းများ ထည့်သိမ်းထား နိုင်မည့် အေးခဲခြောက် စက်များကို မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ထားရှိ ပေးသွားရန် ဆောင်ရွက်လျက် ရှိကြောင်း စက်မှု ဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''မြွေဆိပ်ဖြေဆေး အရေအတွက် ကိုတော့ နှစ်စဉ် တိုးမြှင့် ထုတ်လုပ်ပါ တယ်။ မြွေဆိပ်ဖြေ ဆေးအရည်တွေ ကျေးလက်ဒေသ တွေအထိ ရောက်ဖို့ဆိုရင် အေးခဲစက်တွေ ရှိမှ အဆင်ပြေ မှာပါ။ အဲဒီ အတွက်လည်း ဒီနှစ်မှာ အေးခဲစက် တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထားရှိဖို့ စီစဉ်ထား ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောသည်။

ယမန်နှစ်တွင် မြွေဆိပ်ဖြေဆေး အရေအတွက် ခြောက်သောင်း ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ရှစ်သောင်း အထိ တိုးမြှင့် ထုတ်လုပ် သွားရန်ရှိကြောင်း အဆိုပါ မြွေဆိပ်ဖြေဆေး များအား ဆေးသုတေသန ဌာနမှ သုတေသန ပြုလုပ်ခြင်း၊ စက်မှုဝန်ကြီး ဌာနမှ ထုတ်လုပ်ခြင်း နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဖြန့်ဖြူး ပေးခြင်းတို့ကြောင့် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ရရှိ၍ မြွေကိုက်ခံ ရမှုကြောင့် သေဆုံးမှု လျော့နည်း လာခဲ့သည်။

''မြို့ပေါ်မှာက ကျေးလက်ဒေသ တွေလောက် မြွေအန္တရာယ် မရှိပါဘူး။ မြွေကိုက်ခံ ရတဲ့ လူနာ တစ်ယောက်က မြွေဆိပ်ဖြေဆေး ကို လေးလုံးထိ ထိုးဖို့ လိုပါတယ်။ အဲဒီ လေးလုံးနဲ့မှ မသက်သာဘူး ဆိုရင် ခြောက်နာရီ အတွင်းမှာ နောက်ထပ် မြွေဆိပ်ဖြေဆေး လေးလုံး ထပ်ထိုးဖို့ လိုအပ်ပါတယ် '' ဟု မြောက် ဥက္ကလာပ ဆေးရုံမှ ဆရာဝန် တစ်ဦးက ပြောသည်။

ချမ်းချမ်းကို

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger