www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 27, 2015

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ကို ရန်ကုန်မြို့ပြင် နေရာများ၌ အငှားအိမ်ရာများ ဆောင်ရွက်ပေးရန် စီစဉ်


ရန်ကုန် ၊ ၂၇-၇-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော် နေထိုင်သည့် အိမ်ထောင်စုပေါင်း ၃ဝဝဝဝ ကျော်ကို ရန်ကုန်မြို့ပြင် နေရာများ၌ အငှားအိမ်ရာများ ဆောင်ရွက် ပေးရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

လက်ရှိတွင် ကျူးကျော်များ နေထိုင်ရန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ မြေတိုင်းရပ်ကွက် ၁၄၁/၂ အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အစိုးရပိုင် မြေဧရိယာ ၁၂ ဒသမ ၅၃၄ ဧက၌ စတင် အကောင် အထည်ဖော် တည်ဆောက်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူ ထားပြီး နောင်လာမည့် နှစ်များတွင် တိုင်းဒေသကြီး အစိုးအရ အဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ပြင် နေရာများ၌ ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အငှား အိမ်ရာများ တည်ဆောက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာငွေ စိုက်ထုတ်ကာ တည်ဆောက် ပေးမည်ဖြစ်ပြီး ကျူးကျော်များ နေထိုင်ပါက လစဉ် သင့်တင့် မျှတသည့် အိမ်လခ ကိုသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ ဖွံ့ဖြိုးရေးနှင့် မြေနေရာ စီမံခန့်ခွဲမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ကျူးကျော် နေထိုင်မှုများ အပါအဝင် အိမ်ရာမဲ့ နေထိုင်သူများ အတွက် အငှား အိမ်ရာများ အကောင် အထည်ဖော်ရန် ပြည်ထောင်စု အစိုးရမှ ငွေကျပ် ၂ဝ ဘီလီယံ ချပေးထားပြီး မြေရာမဲ့များနှင့် အစိုးရ ဝန်ထမ်းများ နေထိုင်ရန် အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော် ရေးအတွက် တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့ ညှိနှိုင်း ထားပြီးဖြစ်ကြောင်း သိရသည်။

ယခုအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျူးကျော် နေထိုင်သူ မိသားစုပေါင်း ၃ဝဝဝဝ ကျော်ရှိပြီး အဆိုပါ ကျူးကျော် သူများမှာ လှိုင်သာယာ မြို့နယ်၌ အများဆုံး ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themaywadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger