www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 27, 2015

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း ခရီးစဉ်ကို ရထားနှင့်ကား ချိတ်ဆက်ပြေးဆွဲ ပေးသွားမည်


ရန်ကုန် ၊ ၂၇-၇-၂ဝ၁၅

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ် နေသော်လည်း မန္တလေး- မြစ်ကြီးနား လမ်းပိုင်း ခရီးစဉ်ကို ရထားနှင့်ကား ချိတ်ဆက် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

မန္တလေး- မြစ်ကြီးနား အဆန် အထူးရထား သည် မန္တလေးနှင့် ကန့်ဘလူသို့ ပြေးဆွဲပေးမည် ဖြစ်ပြီး ကန့်ဘလူမှ ကောလင်းသို့ မော်တော်ယာဉ် များဖြင့် ပို့ဆောင် ပေးမည် ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် ကောလင်း- မြစ်ကြီးနား အမှတ်(၄) အဆန်ရထား ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမှ ရထား ထွက်မည့်အချိန် မှာ နံနက် ၅ နာရီဖြစ်ပြီး မွန်းလွဲ ၁ နာရီတွင် ကန့်ဘလူသို့ ရောက်ရှိမည် ဖြစ်သည်။ လက်မှတ်နှုန်းထား များမှာ ရိုးရိုးတန်း ငွေကျပ် ၁ဝဝဝ၊ ပထမတန်း ငွေကျပ် ၁၃၅ဝ နှင့် အထက်တန်း ငွေကျပ် ၂၃၅ဝ ဖြစ်သည်။ ကားခမှာ ငွေကျပ် ၁ဝဝဝ ဖြစ်ပြီး ကောလင်းဘူတာ သို့ ည ၇ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။

ကောလင်း - မြစ်ကြီးနား အဆန် အထူးရထား လက်မှတ်နှုန်း များမှာ ရိုးရိုးတန်း ငွေကျပ် ၁၇ဝဝ၊ ပထမတန်း ငွေကျပ်၂၂၅ဝ နှင့် အထက်တန်း ငွေကျပ် ၃၉၅ဝ ဖြစ်ပြီး မြစ်ကြီးနား သို့ ည ၁၁ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။

ထို့အပြင် မြစ်ကြီးနား- မန္တလေး အမှတ် (၄၂) အစုန်ရထား ကိုလည်း မွန်းတည့် ၁၂ နာရီ မှစတင် ပြေးဆွဲမည် ဖြစ်ပြီး မန္တလေး ဘူတာသို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်မည် ဖြစ်သည်။ အဆိုပါ ရထား ခရီးစဉ်သည် ဇူလိုင် ၁၈ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံ ဖြစ်စဉ်များကြောင့် ရပ်နား ထားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)



#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger