www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 27, 2015

ဥရောပသို့ အဓိကထားပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချမည့် ဖိနပ်စက်ရုံကို မြဝတီစက်မှုဇုန်၌ တည်ဆောက်ဖွင့်လှစ်မည်



ရန်ကုန် ၊ ၂၇-၇-၂ဝ၁၅

မြဝတီ စက်မှုဇုန် (အထူး စီးပွားရေးဇုန်) တွင် ၂ဝ၁၂ ခုနှစ်က စတင် အကောင်အထည် ဖော်နေသော ဖိနပ်စက်ရုံကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် တည်ဆောက် လျက်ရှိပြီး ၈ဝ ရာခိုင်နှုန်းခန့်
တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကာ ယင်းစက်ရုံ တွင် အလုပ်လုပ်မည့် လုပ်သားများကို အခြေခံ နေ့စားခ တစ်ရက်လျှင် ငွေကျပ် ၄ဝဝဝ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီစက်ရုံကြီး ပြီးသွားတာနဲ့ ပထမအဆင့် အနေနဲ့ ဗန်ကောက်က ကျွမ်းကျင် လုပ်သား ၁၅ဝ နဲ့ ပြည်တွင်းမှာ ရှိတဲ့လုပ်သား တွေကိုလည်း ခေါ်ယူပြီး လုပ်သား ၃ဝဝ၊ ၄ဝဝ ခန့်နဲ့ စတင် အကောင် အထည်ဖော် သွားပါမယ်။ ဒီကထွက်တဲ့ ဖိနပ်တွေကို ဥရောပ ကို အဓိကထားပြီး ဖြန့်ဖြူးသွားမယ်။ ဗန်ကောက်က လာမယ့် ကျွမ်းကျင် လုပ်သားတွေ ကိုတော့ ဗန်ကောက်မှာ လက်ရှိ ပေးနေတဲ့ လစာနှုန်း အတိုင်းပေးမှာ ဖြစ်ပြီး ပညာသင် အဆင့်ဖြစ်တဲ့ ဒီက လုပ်သားတွေ ကိုတော့ အခြေခံ တစ်နေ့ကို ငွေကျပ် ၄ဝဝဝ ပေးသွားပါမယ်''ဟု စက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်သင်းသင်းမြတ် က ပြောသည်။

အဆိုပါစက်ရုံမှ ထုတ်လုပ်မည့် ဖိနပ်များမှာ Pan နှင့် Nike စသည့် အမျိုးအစား များဖြစ်ပြီး ၄င်းဖိနပ်များကို ဥရောပသို့ ၉၉ ရာခိုင်နှုန်း တင်ပို့သွားမည် ဖြစ်ကာ ကျန် တစ်ရာခိုင်နှုန်း ကို ပြည်တွင်း၌ ရောင်းချ ပေးသွားမည် ဖြစ်သည်။ ယင်းစက်ရုံရှိ လုပ်သားများကို ပေးအပ် ထားသော နေ့စားခများ သည်လည်း ထိုင်းနိုင်ငံတွင် ပေးအပ်သော နေ့စားခများနှင့် နှိုင်းယှဉ်ပါက မနိမ့်ကြောင်း သိရသည်။

ယင်း ဖိနပ်စက်ရုံကို ထိုင်းနိုင်ငံမှ လုပ်ငန်းရှင် များနှင့် ချိတ်ဆက်ကာ စက်ပစ္စည်း များနှင့် ကျွမ်းကျင် လုပ်သားများ ရယူပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချ သွားမည် ဖြစ်သည်။ ထို စက်ရုံကြီး ပြီးစီးသွားပါက ဒေသခံပြည်သူ များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုတိုးတက် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger