www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 15, 2015

ယခုလအတွင်း ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းပြဆရာ အတတ်ပညာသင်တန်း အတွက် သင်တန်းသား ၉၃၀၀ ခေါ်ယူမည်



ရန်ကုန် ၊ ၁၅-၆-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် မူလတန်းပြ ဆရာ၊ ဆရာမ ပေါင်း ၂၄၃၅၉ ဦး လိုအပ်လျက် ရှိရာ ယခုလ အတွင်း ဖွင့်လှစ်မည့် လုပ်ငန်းခွင် အကြို မူလတန်းပြ ဆရာအတတ် ပညာသင်တန်း (Parmenent Part Time Teaching) အတွက် သင်တန်းသား ဦးရေ ၉၃ဝဝ ခေါ်ယူသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အရ မူလတန်းပြ ဆရာအတတ် ပညာသင်တန်း ပေါင်း ၂၁ ခုရှိပြီး ယခင်နှစ် များတွင် နှစ်စဉ် သင်တန်းသား ၄၃ဝဝ ဦးကိုသာ လက်ခံခဲ့ပြီး ယခုနှစ်တွင် ၅ဝဝဝ ဦး ထပ်တိုး၍ လက်ခံမည် ဖြစ်သောကြောင့် စုစုပေါင်း သင်တန်းသား ဦးရေ ၉၃ဝဝ ကို လက်ခံမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နှစ်စဉ်ပုံမှန် တက်ရောက် ခွင့်ပြုနေသော သင်တန်းသား ၄၃ဝဝ ဦးအတွက် ပံ့ပိုးမှုများကို ယခင်နှစ်များ အတိုင်း ဆောင်ရွက် ပေးမည်ဖြစ်ပြီး နောက်ထပ်တိုး လာသော သင်တန်းသား ဦးရေ ၅ဝဝဝ ဦးအား နေ့ကျောင်းတက်သော ပုံစံနှင့် တက်ရန် စီစဉ်ထားပြီး ထပ်တိုးမည့် သူများအား ငွေကြေး ထောက်ပံ့ခြင်း ရှိ၊ မရှိကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မူလတန်းပြ ဆရာအတတ် ပညာသင်တန်း (PPTT) အတွက် လျှောက်ထား လိုသူများသည် အသက် ၂၅ နှစ်အောက် ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး တက်ရောက်ခွင့် ရရှိသူများ အတွက် ငွေကြေး ပံ့ပိုးမှု များနှင့် နေရာထိုင်ခင်း ပေးမည်ဖြစ်၍ သင်တန်း ကာလမှာ ခြောက်လ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

မူလတန်းပြ ဆရာများကို ဆရာအတတ်သင် ကောလိပ်၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရတို့မှ လစာပေး၍ ခန့်အပ်သည့် နေ့စား လပေး စနစ်ဖြင့် မွေးထုတ်ပေးလျက် ရှိပြီး ယခုနှစ်တွင် မူလတန်းပြ ဆရာသင်တန်း တက်ရောက်ခွင့်ကို လျှောက်ထားသူ ၄၉ဝဝဝ ကျော်ရှိရာ ယခင်နှစ် များထက် လျှောက်ထားသူများ ပို၍များပြား ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger