တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ Yugoimport ကုမ္ပဏီပြခန်းအတွင်း ခင်းကျင်းပြသထားသည့် အသုံးအဆောင် ပစ္စည်းများကို ကြည့်ရှု လေ့လာစဉ် |
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ယာဉ်တင်အမြောက်များ ၊ တင့်များကို ကြည့်ရှု လေ့လာစဉ် |
နေပြည်တော် ၊ ၁၃-၅-၂၀၁၅
ဆားဗီးယား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် Nikinci မြို့ရှိ Yugoimport ကုမ္ပဏီပြခန်း သို့ သွားရောက် လေ့လာ ကြည့်ရှုကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များအား Yogoimport ကုမ္ပဏီမှ Head of Development Division ဖြစ်သူ Mr. Momir Djurkovic နှင့် တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက် ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ပြခန်းအတွင်း လှည့်လည်၍ ခင်းကျင်းပြသ ထားသည့် အသုံးအဆောင် ပစ္စည်းများအား ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယာဉ်တင် အမြောက်များ၊ တင့်များ၏ သရုပ်ပြ မောင်းနှင် လုပ်ဆောင် ပြသမှုများအား ဆက်လက် ကြည့်ရှု လေ့လာ၍ သိရှိ လိုသည်များအား မေးမြန်းခဲ့သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Head of Development Division ဖြစ်သူ Mr. Momir Djurkovic က နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံ ခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily
No comments:
Post a Comment