နေပြည်တော် ၊ ၁၃-၅-၂၀၁၅
ဆားဗီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၁၁ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီတွင် ဆားဗီးယားနိုင်ငံ Batajnica မြို့ရှိ အမှတ် (၂၀၄) လေတပ်မဟာ စခန်းဌာနချုပ်သို့ သွားရောက် လေ့လာသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် Batajnica မြို့ရှိ အမှတ် (၂၀၄) လေတပ်မဟာ စခန်းဌာနချုပ် သို့ရောက်ရှိကြရာ ဆားဗီးယား တပ်မတော်လေ မှ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် Ranko Zivak ၊ လေတပ်မဟာ စခန်းဌာနချုပ် မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် Predrag Bandic နှင့် အရာရှိကြီး များက ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် လေတပ်မဟာ စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် Predrag Bandic က လေတပ်မဟာ စခန်းဌာနချုပ် ဆိုင်ရာ ကိစ္စများအား ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တို့က သိရှိ လိုသည်များကို မေးမြန်း ဆွေးနွေးသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ခင်းကျင်းပြသ ထားသော လေယာဉ်များ အား လိုက်လံ ကြည့်ရှုရာ တာဝန်ရှိ သူများက ရှင်းလင်းပြသ ခဲ့ကြပြီး ၄င်းမှ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြန်လည် ထွက်ခွာလာရာ တည်းခိုရာ ဟိုတယ်သို့ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည် ရောက်ရှိကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခင်ကျင်း ပြသထားသော လေယာဉ်များကို လိုက်လံ ကြည့်ရှုစဉ် |
#Themyawadydaily
No comments:
Post a Comment