www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 13, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဆားဗီးယား တပ်မတော် စစ်ဦးစီးချုပ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆာဗီးယား တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ljubisa Dikovic အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

နေပြည်တော် ၊ ၁၃-၅-၂၀၁၅

ဆားဗီးယားနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဆာဗီးယား တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ljubisa Dikovic က မေ ၁၁ ရက် ဒေသ စံတော်ချိန် ည ၈ နာရီ တွင် Members of Parliament Club ၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များသည် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ ရောက်ရှိလာရာ ဆားဗီးယား တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ljubisa Dikovic နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြုညစာ စားပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဆားဗီးယားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ထွန်း ၊ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ကြပြီး ဆားဗီးယား တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ljubisa Dikovic နှင့်အတူ State Secretary/ ဒုတိယ ကာကွယ်ရေး ၀န်ကြီး Mr. Zoran Djordijevic ၊ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Jovica Draganic ၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အေဂျင်စီမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Petar Cvetkovic ၊ လေတပ်ဖွဲ့ နှင့် လေကြောင်းရန် ကာကွယ်ရေးမှူးချုပ် ဗိုလ်မှူးချုပ် Dnsko Zarkovic ၊ မဟာဗျူဟာ စီမံရေး ဌာနမှူးချုပ် ဗိုလ်မှူးချုပ် Slobodan Joksimovic နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဆာဗီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ljubisa Dikovic တို့သည် အဖွဲ့ဝင်များနှင့် အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာစားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဆာဗီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ljubisa Dikovic တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger