www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 18, 2015

ဖုန်ကြားရှင်၏ MNDAA သောင်းကျန်းသူများ အခိုင်အမာ အခြေပြုခံစစ်ဆင် ထားသော ပွိုင့်-၂၂၀၂ တောင်ကုန်းအား တပ်မတော်က အောင်မြင်စွာ သိမ်းပိုက်ရရှိ


ပွိုင့်-၂၂၀၂ တောင်ကုန်းအား တပ်မတော်က အောင်မြင်စွာ သိမ်းပိုက်ရရှိပြီး လက်နက် ခဲယမ်းများနှင့် အတူ တွေ့ရစဉ်

လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ

လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ

ပွိုင့်-၂၂၀၂ တောင်ကုန်းပေါ်တွင် MNDAA သောင်းကျန်းသူများ ဆောက်လုပ်ထားသည့် ဘန်ကာတစ်လုံးကို တွေ့ရစဉ်

MNDAA သောင်းကျန်းသူများ အခြေပြု ခံစစ်ဆင်ထားသည့် ပွိုင့်-၂၂၀၂ တောင်ကုန်းအား တပ်မတော်က တိုက်ခိုက်ချေမှုန်း နေမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၈-၅-၂၀၁၅

ဖုန်ကြားရှင်၏ MNDAA သောင်းကျန်းသူများ အခိုင်အမာ ခံစစ်ဆင် ထားသော လောက်ကိုင်မြို့ မြောက်ဘက် စီကော်လျံ ဒေသရှိ ပွိုင့်-၂၂ဝ၂ တောင်ကုန်းအား ၂ဝ၁၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှ စ၍ ရာသီဥတု ဆိုးရွားခြင်း၊ မြေအနေအထား မတ်စောက် ကြမ်းတမ်းခြင်း နှင့် ကန့်သတ်ချက် ရှိခြင်းတို့ကြောင့် ပိတ်ဆို့ရင်ဆိုင် ထိန်းချုပ် ထားခဲ့ပြီး မေ ၁၂ ရက်တွင် ရာသီဥတု ပြန်လည် ကောင်းမွန် လာခြင်းကြောင့် တပ်မတော် စစ်ကြောင်း များက ကြမ်းတမ်း ကန့်သတ်သည့် မြေအနေအထား အား စနစ်တကျ သုံးသပ်ပြင်ဆင် စုဖွဲ့၍ မြေပြင်ပစ် အမြောက်တပ်ဖွဲ့၊ သံချပ်ကာ တိုက်ယာဉ်များ နှင့် လေကြောင်း ပစ်ကူများ ရယူကာ အရှိန်အဟုန် ပြင်းထန်စွာဖြင့် တိုက်ခိုက် ချေမှုန်းခဲ့ရာ မေ ၁၄ ရက် ည ၁ဝ နာရီ ၂ဝ မိနစ်တွင် အချက်အချာ ဖြစ်သည့် ပွိုင့်-၂၂ဝ၂ တောင်ကုန်းအား အောင်မြင်စွာ သိမ်းပိုက် ရရှိသည်။

လောက်ကိုင်ဒေသ အတွင်း ကျူးကျော် ဝင်ရောက် လာသော MNDAA သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်းများက ရဲဝံ့စွန့်စား စွာဖြင့် တိုက်ခိုက် ချေမှုန်းခဲ့ ခြင်းကြောင့် သောင်းကျန်းသူ များသည် အင်အားများ ပြိုကွဲ ဆုတ်ခွာ ထွက်ပြေးခဲ့ပြီး ပြန်လည် စုစည်းကာ ဟိုထိုလင်ရွာ တောင်ဘက် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၂ဝ) အနီးရှိ မတ်စောက်သော ကျောက်တောင် တစ်ခုဖြစ်သည့် ပွိုင့်-၂၂ဝ၂ တောင်ကုန်းတွင် အခြေပြု ခံစစ်ဆင်ရန် စီစဉ် လာခဲ့သည်။

MNDAA သောင်းကျန်းသူ များသည် မြေအနေအထား အရ အသာစီး ရရှိထားသော ပွိုင့်-၂၂ဝ၂ တောင်ကုန်း ပေါ်တွင် အခိုင်အမာ ဘန်ကာများ အဆင့်ဆင့် ဆောက်လုပ်၍ ခြံစည်းရိုးများ ကာရံကာ မိုင်းကွင်းနှင့် အတားအဆီးများ ပြုလုပ်ထားပြီး အင်အား အမြောက်အမြားဖြင့် တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုအား ခုခံတိုက်ခိုက် ခဲ့သည်။ MNDAA သောင်းကျန်းသူ များ၏ ခုခံ တိုက်ခိုက်မှု များကို မေ ၁၂ ရက်မှ စတင်၍ တပ်မတော် စစ်ကြောင်း များက လေကြောင်း ပစ်ကူများ၊ အမြောက် လက်နက်ကြီး ပစ်ကူများ၊ သံချပ်ကာ တိုက်ယာဉ် ပစ်ကူများ ရယူကာ စစ်ကြောင်း သုံးကြောင်းခွဲ၍ ကျားကုတ်ကျားခဲ အဆင့်ဆင့် ခြေကုပ်ယူ ချီတက်ပြီး ကြည်း၊ လေ၊ တင့် ပူးပေါင်း စစ်ဆင်ရေး နည်းဗျူဟာမြောက် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သည်။ ထို့အပြင် တောင်ကုန်းပေါ်သို့ အဆင့်ဆင့် ပစ်ကျင်းများ တူး၍ ချဉ်းကပ်ခဲ့ပြီး အသက်ကို ပဓာန မထားဘဲ ရဲရဲဝံ့ဝံ့ အနီးကပ် တိုက်ပွဲများ၊ လက်တစ်ကမ်း တိုက်ပွဲများ ဆင်နွှဲပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်း ခဲ့မှုကြောင့် သောင်းကျန်းသူများ ဆက်လက် ခုခံနိုင်ခြင်း မရှိတော့ဘဲ ထိခိုက်ဒဏ်ရာ များစွာရရှိကာ ကစဥ့်ကလျား ဆုတ်ခွာ သွားသဖြင့် အချက်အချာ ပွိုင့်ကုန်းအား ည ၁ဝ နာရီ ၂ဝ မိနစ်တွင် သိမ်းပိုက်ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ MNDAA သောင်းကျန်းသူများ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသို့ ဆုတ်ခွာရာ လမ်းကြောင်း ပေါ်တွင် တည်ရှိသော ပွိုင့်- ၂၂ဝ၂ တောင်ကုန်းနှင့် ဆက်စပ်လျက် ရှိသော တောင်ကြော ပေါ်ရှိ ကြွင်းကျန် သောင်းကျန်းသူများ အခြေပြု ခုခံလျက် ရှိသည့် တောင်ကုန်း တစ်ခုအား ယမန်နေ့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း၊ ၄င်းနှင့် ဆက်စပ်လျက် ရှိသော ပွိုင့်-၂ဝ၇၁ တောင်ကုန်း၏ ကာကင်းကုန်းအား ယနေ့ ည ၆ နာရီ ၄၅ မိနစ်တွင် လည်းကောင်း တပ်မတော် စစ်ကြောင်းများက အောင်မြေချဲ့ ဆက်လက် ရှင်းလင်း တိုက်ခိုက်ချေမှုန်း သိမ်းပိုက် နိုင်ခဲ့သည်။ ထို့အပြင် စီကော်လျံ ဒေသရှိ သောင်းကျန်းသူများ အခြေပြု လှုပ်ရှားလျက် ရှိသော ဟိုထိုလင်ရွာ နှင့် သောင်းကျန်းသူ များ၏ နောက်ဆုံး ခံစစ်ကုန်း ဖြစ်သော နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၂ဝ) အနီးရှိ ပွိုင့်-၂ဝ၇၁ တောင်ကုန်း တို့အား တပ်မတော် စစ်ကြောင်းများက အရှိန်အဟုန်မြှင့် ဆက်လက် ရှင်းလင်း တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။

ဖြစ်စဉ်တွင် MNDAA သောင်းကျန်းသူ ထံမှ အရှင်ဖမ်းမိ နှစ်ဦး၊ အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၉၄ လက်နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်း များ သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော် အတွက် အသက် ပေးလှူခဲ့ကာ အချို့ထိခိုက် ဒဏ်ရာရရှိ ခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအား တပ်မတော် ဆေးရုံများသို့ အမြန်ဆုံး ပို့ဆောင်၍ ဆေးဝါးများ ကုသပေးလျက် ရှိသည်။

တပ်မတော်အနေဖြင့် လောက်ကိုင်ဒေသ တစ်ခုလုံး တည်ငြိမ် အေးချမ်းရေး အတွက် MNDAA သောင်းကျန်းသူ အကြွင်းအကျန်များ ဒေသအတွင်း အခြေပြု နေထိုင် လှုပ်ရှားမှုများ လုံးဝ မရှိစေရေး ဆက်လက်၍ နယ်မြေ ရှင်းလင်း အမြစ်ပြတ် ချေမှုန်းတိုက်ခိုက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger