www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 11, 2015

၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့ဆန် ပြည်ပသို့ အမေရိကန်ဒေါ်လာ နှစ်သန်းဖိုးခန့် တင်ပို့နိုင်ရန် လျာထား


ပြည်တွင်းရှိ အဆင့်မြင့်ဆန်စက်တစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၁-၅-၂ဝ၁၅

၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း မြန်မာ့ဆန်ကို ပြည်ပသို့ အမေရိကန် ဒေါ်လာ နှစ်သန်းဖိုးခန့် တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ စစ်တမ်းများ အရ သိရသည်။

မြန်မာ့ဆန် ပြည်ပသို့ တင်ပို့မှုသည် ၂ဝ၁၃ -၂ဝ၁၄ ဘဏ္ဍာနှစ်၌ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၇ သန်း တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်းခန့် တင်ပို့ နိုင်ခဲ့ကာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ နှစ်သန်းဖိုးခန့် တင်ပို့ ရောင်းချနိုင်ရန် ဆက်လက် လျာထားခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် တွင် ပြည်ပဆန် တင်ပို့မှုက နှစ်ပေါင်း ၅ဝ အတွင်း စံချိန်တင် များပြားခဲ့သည့် အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်၌ ယင်း ပမာဏထက် ပိုမို တင်ပို့နိုင်ဖို့ ဆက်လက် လျာထားကြောင်း ကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် အမေရိကန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံကို ဆန်တင်ပို့ ရောင်းချလျက် ရှိပြီး တင်ပို့ ရောင်းချမှု၏ ၇၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူလျက် ရှိကြောင်းလည်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသို့ ဆန်များ တင်ပို့ ရောင်းချရာတွင် မြန်မာနိုင်ငံ ဘက်မှသာ တရားဝင် တင်ပို့ရောင်းချ ခြင်းဟု သတ်မှတ်ထား သော်လည်း တရုတ်နိုင်ငံ ဘက်မှ တရားမဝင် ဝယ်ယူခြင်းဟု သတ်မှတ်ခဲ့ သောကြောင့် နှစ်ဖက်နိုင်ငံ သက်ဆိုင်ရာ ဌာန အသီးသီးမှ ညှိနှိုင်းကာ မြန်မာ့ လယ်ယာ စီးပွားရေး ကော်ပိုရေးရှင်း အနေဖြင့် ဆန်တန်ချိန် ၃ဝဝဝ ခန့်အား မေလအတွင်း တရားဝင် အသိအမှတ်ပြု တင်ပို့ရောင်းချ သွားမည်ဖြစ်ကာ ယခုနှစ်အတွင်း ဆန်တန်ချိန် နှစ်သိန်းခန့် တရားဝင် တင်ပို့နိုင်ရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ဆန်တန်ချိန် လေးသန်းကျော် စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး ပြည်ပနိုင်ငံ များသို့ တန်ချိန် တစ်သန်းခွဲခန့် တင်ပို့ရောင်းချ နေကြောင်း သိရသည်။

နေနေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger